ယောင်္ကျား တွေမှာ testosterone
ကျားဓာတ်များလာတာနဲ့
တိုက်ချင် ခိုက်ချင်စိတ်က
ပြင်းထန်လာတတ်ပြီး
အလိုလိုသိစိတ် Intuition ကနည်းလာတတ်တယ်။
အရင်ဝတုန်းကဆို တရားထိုင်ပြီးရင်
အလိုလိုသိစိတ်က မြင့်နေတယ်။
နောက်ပိုင်းကျတော့ deadlift တွေမပြီးရင်
Testosterone ကျားဓာတ်မြင့်လာပြီး
တစ်ခုကို လက်တီးနဲ့ ထိုးချင်နေတာမျိုး
ဖြစ်ဖြစ်နေတယ် LOL…
တချို့ အဘိုးကြီးတွေဆို ငယ်ငယ်က
သေလောက်အောင်ဆိုးပြီး
ကြီးလာတော့ ပျော့သွားတာ။
အလေးမရင် ဒီကျားဓာတ် Testosterone ထွက်တယ်။
ကျားဓာတ် နည်းသွားလို့ဖြစ်စဥ်ကို ကာကွယ်ဖို့
ကြွက်သားဖန်တီးဖို့လိုတယ်။
လူတွေကို လွမ်းမိုးထားတဲ့
hormone တွေ၊ neurotransmitter တွေကို
လိုသလို ကစားလို့ရတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ်။
ငယ်ငယ်က ရည်းစားထားသလိုပဲ။
ခဏနေပျင်းသွားရင် ပျက်လိုက်
နောက်တစ်ယောက်ထားလိုက်နဲ့။
အမှန်တော့ ကိုယ်က dopamine လိုနေတာ။
ရည်းစားစထားခါစ နှစ်နှစ်အတွင်းဆို
ခန့်မှန်းလို့သိပ်မရသေးတော့
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ရင်ခုန်တယ်။
နောက်ပိုင်းကျတော့ ဘာဖြစ်ရင်
ဘာလုပ်မလဲ အကုန်သိနေတော့
ပျင်းစရာကောင်းလာပြီး dopamine ထွက်တာ
နည်းလာတယ်။
ဒီ mechanism ဖြစ်စဥ်ကို မပြင်နိုင်ရင်
ကိုယ်က အဲ့ဒါရဲ့ ထိန်းချုပ်မှုအောက်မှာ
ချစ်လိုက် ပျက်လိုက်နဲ့ ဖြစ်နေမှာ။
အထူးသဖြင့် dopamine hype ကို
ကြိုက်တဲ့သူတွေပေါ့။
Phyo Paing @ Derek