ကိုယ့်ကိုယ်ကို ကျိန်စာတိုက်တဲ့သူက
ကိုယ်တိုင်ပဲ။
“ငါမတတ်နိုင်ဘူး။”
“ဒါမဖြစ်နိုင်ဘူး။”
“ငါ့ပုံစံနဲ့ ဘယ်လိုဖြစ်နိုင်မလဲ။”
ကျွန်တော်လဲ
အရင်က ဒီလိုစကားတွေပြောတတ်တယ်။
နောက်ပိုင်းကျေတာ့ “သေး” ဆိုတဲ့စကားထည့်လိုက်တယ်။
“ငါမတတ်နိုင်သေးဘူး။”
နောက်ပိုင်းကျတော့ မေးခွန်းပြောင်းလိုက်တယ်။
“ငါဘယ်အချိန်ကျရင် တတ်နိုင်မလဲ?”
နောက်ပိုင်းကျတော့ မေးခွန်းထပ်ပြောင်းတယ်။
“ငါဒါကို တတ်နိုင်အောင် ဘယ်လိုလုပ်မလဲ?”
လူတွေက စကားလုံးတွေနဲ့
ကိုယ့်ကိုယ်ကို ကျိန်စာတိုက်တတ်ကြတယ်။
Phyo Paing @ Derek