လူတွေကို မယုံဘူး။
Biology ကို ယုံတယ်။
Psychology ကို ယုံတယ်။
နောက် အတိတ်ကဖြစ်ခဲ့တဲ့
စစ်မှန်တဲ့ ဒေတာ တွေကိုယုံတယ်။
လူတွေက အခြေအနေပေါ်မူတည်ပြီး
အပြုအမူတွေ ပြောင်းတယ်။
တစ်ယောက်တည်းနေတဲ့အချိန်၊
လူအများကြားရောက်တဲ့အချိန်၊
ပျော်နေချိန်နဲ့ စိတ်ဖိဆီးနေချိန်တောင်
မတူကြတာများ၊
ဘာကြောင့် လူတွေတစ်သတ်မှတ်ထဲ
ဒီအတိုင်း ဖြစ်နေမယ်လို့ ယုံကြည်သလဲ။
လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့် role model က
ဒီနေ့ ဟုတ်ချင်မှ ဟုတ်တော့မယ်။
လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ်တစ်သက်လုံး
အတူတူ ဘဝကို ဖြတ်သန်းမယ်ဆိုတဲ့သူက
အခု ရှိချင်မှ ရှိတော့မယ်။
အသက်ကြီးလာလေလေ
လောကရဲ့ သဘောတရား
ထပ်ခါထပ်ခါဖြစ်နေတဲ့ pattern တွေကို
မြင်လာလေလေ။
ဒါတွေ သိလာလေလေ
လူတွေကို မောင်းနှင်နေတဲ့
နောက်ကွယ်က အချက်တွေကို
မြင်လာလေလေ။
ဘဝကို မတူတဲ့ ရှုထောင့်က
ကြည့်လာနိုင်လေလေ။
Phyo Paing @ Derek