လူတွေကို ပျော်အောင်လုပ်ပေးပြီး
ပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူက
ကိုယ်တိုင်ဖြစ်နေတတ်တယ်။
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
စံနှုန်းတွေကို ဖြည့်ဆည်းရင်း
ဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။
ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်
သင်ခန်းစာတွေအများကြီးလေ့လာပြီး
ဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။
နောက် ပညာရေးဆုံးခန်းတိုင်ဖို့
ဘွဲ့ရဖို့ လေ့လာရပြန်တယ်။
နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲ
ဘွဲ့လွန်ပြန်တတ်ရပြန်တယ်။
သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့
အိမ်ထောင်ကျ သားသမီးတွေကြီးဖို့
ပြုစုပျိုးထောင်ရင် အခြေကျတော့လဲ
ကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။
ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့
အတွက် ဘောင်တွေကြားထဲမှာ
အသက်ရှင်ကြတယ်။
လူတွေ သတ်မှတ်ထားတဲ့
အသိအမှတ်အပြုခံရမှုကြားမှာ
ပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။
ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့
အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။
လူ့ဘောင်က သတ်မှတ်ထားတဲ့
ဘောင်တွေကို ရိုက်ချိုးပြီး
ကိုယ့်ဘဝနေထိုင်မှုပုံစံ
ကိုယ်တည်ဆောက်တဲ့
lifestyle design လုပ်တဲ့
လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။
ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံက
ကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီး
ပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။
ဆယ်တန်းဆန်းတယ် သတိထားကြိုးစား
ဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။
တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲ
ပြီးအောင် တက်ခဲ့တယ်။
UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။
ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။
ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်
ဆိုတော့လဲ လုပ်ခဲ့တာပဲ။
ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့
စံနှုန်းတွေကို ဖြည့်ပြီးနားလည်လာတာ
သတ်မှတ်ထားတဲ့ ဘောင်တွေက
ကိုယ့်အတွက် ဟုတ်ချင်မှဟုတ်မှာ။
Bullsh*t rules (Brules)
သောက်တလွဲစည်းမျဉ်းတွေကို
လိုက်နာနေသမျှ ဘဝကို
အထာကျကျ ဖြတ်သန်းနိုင်မှာမဟုတ်ဘူး။
သာမာန်လူအများစုက မပျော်ကြဘူး။
သာမာန်လူအများစု က ကိုယ့်အလုပ်မှာ
တစ်ဖက်ကမ်းခတ်မကျွမ်းကျင်ကြဘူး။
သာမာန်လူအများစုက
health, wealth, love, happiness မှာ
ကိုယ်စိတ်တိုင်းကျမဖြတ်ကြဘူး။
ဘာလို့လဲဆို လူ့ဘောင်က
သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ
ဘဝကို သိုးကလေးတွေလိုဖြတ်သန်းနေလို့။
ဘဝကို User mode ကနေ
Admin mode နောက်
God mode ပြောင်းဖို့က
ကိုယ့်အပေါ်မှာပဲ မူတည်တာ။
၁။ ကိုယ်နေချင်တဲ့ lifestyle ကို
ပံ့ပိုးပေးမည့် ပိုက်ဆံအလျိုလျောက်ဝင်တဲ့စနစ်
၂။ ကိုယ့်ရဲ့ တစ်ရက်တာကို
ဖြတ်သန်းချင်တဲ့ စနစ်
၃။ ကိုယ်မသေခင် ခံစားချင်တဲ့
experience တွေ
ဒါတွေကို တစ်ဆင့်ခြင်းသတ်မှတ်ရမယ်လို့
မြင်တာပဲ။
Phyo Paing @ Derek