အရင်က ကိုယ့်ကိုကိုယ် ဘယ်တော့မှ အားမရခဲ့ဘူး။ အပြောင်းအလဲ တစ်ခုအမြဲလုပ်ချင်ခဲ့တယ်။ သင်တန်းတွေတက်တယ်။ စာအုပ်တွေဖတ်တယ်။ စာအုပ်တွေလဲ မျိုးစုံပဲ။ သင်တန်းဆိုလဲ ဘာသာစကား၊ ပေါင်းသင်းဆက်ဆံရေး မျိုးစုံတက်ဖြစ်တယ်။ ဒါပေမယ့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ဆိုတာကတော့ တော်တော်မလွယ်ခဲ့ဘူး။
ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့တယ်။ မှတ်ဥာဏ်ကောင်းဖို့ ဦးနှောက်အားတိုးဆေးတွေဖြစ်တဲ့ nootropics တွေ supplement တွေအပြင် မတူညီတဲ့ project တွေအများကြီးလုပ်ဖြစ်တယ်။ ဒီ project တွေ လေ့လာမှုတွေမှ တဆင့် လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့ ToeTet Techniques တွေကို တွေ့ရှိခဲ့တယ်။
လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အဆင့်သုံးဆင့်လိုတယ်။ ပထမအဆင့်ဖြစ်တဲ့ တစ်ကိုယ်ရည်တိုးတက်မှုအတွက် personal development လိုတယ်။ ဒုတိယအဆင့်ကတော့ အသက်မွေးဝမ်းကြောင်းအတတ်ပညာတိုးတက်မှု professional development လိုတယ်။ တတိယအဆင့်ကတော့ စီးပွါးရေးစီးမံခန့်ခွဲတိုးတက်မှု business development လိုတယ်။
Personal development မှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို စီမံခန့်ခွဲနိုင်တာ၊ ကိုယ့်ကိုကိုယ် သေချာသိရှိခြင်း self-awareness အပြင်၊ အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့အပိုင်းတွေပါဝင်ပါတယ်။
Professional development အပိုင်းမှာတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းပညာတဲ့ပတ်သက်တဲ့ အခြေခံအပြင်၊ အဆင့်မြင့်ကျွမ်းကျင်မှုတွေပါဝင်ပါတယ်။ နောက်ဆုံးကိုယ်တတ်ထားတဲ့ပညာရပ်ကို ပြန်လည်သင်ကြားပေးနိုင်တဲ့အဆင့်ထိဖြစ်ဖို့လိုပါတယ်။
Business Development အပိုင်းကတော့ လုပ်ငန်းတစ်ခုစတင်ခြင်း၊ ကြီးထွားခြင်း၊ ချဲ့ထွင်ခြင်းနဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အပိုင်းထိ ပါဝင်ပါတယ်။
ဒီလို လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အတွေးအခေါ်ကိုပြောင်းဖို့လိုပါတယ်။ လူဆိုတာ မတွေးပဲမနေနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒီလို မတွေးပဲမနေနိုင်တဲ့အတွက် အတွေးကောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုပါတယ်။
တိုးတက်ရေး အတွေးအခေါ်များ
၁။ ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲဲ့အလုပ်တွေ နေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ခြွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်။
၈။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်နဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်နဲ့။
၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်။
၁၁။ လူတွေကို Dream List ထဲထည့်မထားနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့်ကျရှုံးမှာ မကြောက်နဲ့။ ဒူပေဒါပေခံ။
Phyo Paing @ Derek