Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သင့်ရဲ့စူပါပါဝါက ဘာများဖြစ်မလဲ?

သင့်ရဲ့စူပါပါဝါက ဘာများဖြစ်မလဲ?
Power 1# idea
Power 2# people
Power 3# market
Power 4# system

နှစ်ပေါင်းသုံးထောင်တရုတ်နည်းစနစ်အရ စွန့်ဦးတီထွင်တစ်ယောက်အနေနဲ့ ဒီလေးမျိုးမှာ တစ်မျိုး၊ ဒါမှမဟုတ် နှစ်မျိုးအားသာနေနိုင်တယ်။

Power 1# idea (Dynamo)

Idea ပိုင်းအားကောင်းတဲ့ လုပ်ငန်းရှင်တွေကတော့ အသစ်တစ်ခုပြီးတစ်ခုလုပ်သွားတယ်။ အခုမှ တစ်ခုအောင်မြင်တယ်။ နောက်တစ်ခုစဖို့ပြင်ဆင်နေပြီ။ သူတို့ဟာ တိုးတက်မှုမရှိတာကို မခံစားနိုင်ဘူး။ စိတ်သိပ်မရှည်တတ်ဘူး။ သူတို့ဖန်တီးမှု ဖြစ်မြောက်လာတာကို ဝမ်းသာမဆုံးဖြတ်တတ်ကြတယ်။ တစ်ခုခုဆို အထနှေးတာကို မခံစားနိုင်ဘူး။ သူတို့ကို ပျင်းစရာကောင်းသူလို့ မမြင်စေချင်ကြဘူး။

Power 2# people (Blaze)

People အပိုင်းအားကောင်းသူတွေက လူတွေလေးစား၊ အထင်ကြီးတာခံသူတို့အတွက် အရေးကြီးတယ်။ ဒါမှမဟုတ် လူတွေနဲ့ ပျော်ပျော်နေရတာ ခံမင်တယ်။ လူတွေတိုးတက်မှု သူတို့တန်ဖိုးထားတယ်။ လူတွေနဲ့ တစ်သားတည်းဖြစ်ဖို့ ကြိုးစားတယ်။ လွမ်းမိုးတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန်ကောင်းပြီး၊ လူတွေရဲ့စိတ်ခံစားချက်ကို နားလည်တယ်။ လူတွေအပေါ်စဥ်းစားပေးသလို၊ team building မှာ အင်မတန်အားသာလေ့ရှိတယ်။ ဘယ်သူ့ကို ဘယ်အပိုင်းအကူညီတောင်း ညွန်ကြားရမယ်ဆိုတာ ကောင်းကောင်းသိတတ်တယ်။

Power 3# market (Tempo)

Market အပိုင်းအားသာသူတွေက စျေးကွက်ရဲ့အသွားအလာ၊ စျေးအတွက်အကျကိုတခြားသူတွေထက် မြင်နိုင်သူတွေဖြစ်တယ်။ Trend တွေ၊ Pattern တွေကိုမြင်နိုင်တယ်။ စျေးဆစ်နိုင်စွမ်းကောင်းသူတွေဖြစ်တယ်။ စျေးကွက်ထဲမှာ ဝယ်ရောင်းအလုပ်တွေမှာ အထူးအောင်မြင်တယ်။ ရင်းနှီးမြုပ်နှံမှုကို ကောင်းစွာလုပ်နိုင်သူတွေဖြစ်တယ်။ ဘယ်မှာဝယ်ပြီး ဘယ်မှာ ပြန်ရောင်းရမယ်ဆိုတာ ကောင်းစွာသိထားသူတွေဖြစ်တယ်။

Power 4# system (Steel)

System အပိုင်းအားသန်သူတွေကတော့ System is the solution လို့ လက်ခံထားသူတွေဖြစ်တယ်။ သူတို့က အလုပ်ပိုတိုးတက်စေမည့် နည်းလမ်းတွေကို အမြဲမပြတ်လေ့လာနေတယ်။ စိတ်ရှည်တယ်။ လုပ်ငန်းတစ်ခုအောင်မြင်ရင် ပုံတူပွားပြီး လုပ်ငန်းအများကြီးချဲ့ဖို့စဥ်းစားသူတွေဖြစ်တယ်။ သူတို့အတွက် ထပ်ခါထပ်ခါလုပ်ဆောင်ပြီး လိုချင်တဲ့ရလဒ်အမြဲရနေဖို့ စနစ်တွေကိုတည်ဆောက်တယ်။ လူပေါ်မမူတည်ဘူး။ စနစ်အပေါ်ပဲမူတည်မယ်ဆိုတာ သူတို့ဖြစ်တယ်။
Idea အားသန်တဲ့လုပ်ငန်းရှင်တွေထဲမှာ Elon Musk, People ထဲမှာ Tony Robbin, Market အားသာတဲ့ထဲမှာ Warren Buffet, System အားသာတဲ့ထဲမှာ Jeff Bezos ကိုတွေ့ရမှာဖြစ်ပါတယ်။

ဒါကိုတော့ Roger Hamilton’s အနေနဲ့ Talent Dynamics ဆိုပြီးတီထွင်ထားတာဖြစ်ပါတယ်။


#Akyanpay

Share Your Idea!​