Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သုညကပြန်စရမယ်ဆိုရင်

၁။ ကိုယ့်ကိုယ်ပညာသင်ပေးမည့်နေရာမှာ
စားဖို့သောက်ဖို့လောက်ရင်ကို
တစ်နှစ်လောက် အလုပ်လုပ်ပြီးလေ့လာမယ်။
၂။ အတွေ့အကြုံ၊ အချိတ်အဆက်၊
ထပ်လုပ်လို့ရမည့်အိုင်ဒီယာတွေရှာမယ်။
၃။ အလုပ်ချိန်ပြင်ပြမှာ
နောက်အလုပ်တစ်ခု၊ နှစ်ခု ထပ်လုပ်မယ်။
၄။ အလုပ်ချိန်ပြင်ပက အလုပ်က
ကိုယ့်ကို အလွတ်တန်းပညာရှင်ဖြစ်အောင်
လုပ်ပေးနိုင်တဲ့အရည်အချင်းရှိစေရမယ်။
၅။ ပြင်ပက အလုပ်က ဝင်ငွေပိုရတဲ့အခါ
ဒါကို အဓိကအလုပ်အဖြစ်ပြောင်းမယ်။
၆။ ပထမအလုပ်ကရခဲ့တဲ့အတွေ့အကြုံ
အချိတ်အဆက်တွေကို ပြန်အသုံးပြုမယ်။
၇။ အခုလုပ်နေတဲ့အလုပ် အခြေကျရင်
အရင်လုပ်ခဲ့တဲ့အလုပ်ကို
နည်းလမ်းအသစ်နဲ့ ပြန်ချဲ့မယ်။

၂၀၁၃ မှာ
၁။ ဆေးကုမ္ပဏီမှာလုပ်တယ်။
၂။ ဒုတိယအလုပ်က တစ်နာရီ ၆ ထောင်နဲ့
စီးပွားရေး၊ မားကတ်တင်းနဲ့ မဟာဗျူဟာအပိုင်း
ယူကေ ဒီပလိုမာအတွက်သင်ပေးတယ်။
၃။ အပြင်မှာ software တွေ တစ်နိုင်တစ်ပိုင်လုပ်ပေးတယ်။

Software တွေလုပ်ပေးတဲ့ဝင်ငွေက
ဆေးကုမ္ပဏီလုပ်တဲ့ဝင်ငွေထက်ကျော်သွားတော့
အလုပ်ထွက်လိုက်တယ်။
ဆိုင်ဖွင့်တယ်။
Part-time စာသင်နေသေးတယ်။

တစ်နှစ်နေတော့ ဆိုင်က ကိုယ်မလိုဘဲ
ထားခဲ့လို့ရတော့
သင်တန်းကျောင်းစတယ်။

၂၀၁၃ Jan က ၂၀၁၆ Jan ထိ
သုံးနှစ်လောက်တော့အချိန်ပေးရတယ်။

Phyo Paing @ Derek

Share Your Idea!​