Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သောက်တလွဲတွေ မျှော်လင့်ထားပါ

ဘဝမှာ မေးခွန်းတွေ အများကြီးမေးဖူးတယ်။
Life-after-death ဆိုတာ တကယ်ရှိသလား။
အရင်ဘဝကို မှတ်မိတယ်ဆိုတာ
စိတ်ပညာအရ Extrasensory Perception (ESP)
နဲ့များဆိုင်မလား။

Telepathy ဆိုတာ တကယ်ရှိသလား။
Chakras တွေပွင့် third eye ပွင့်ရင်
Intuition မြင့်ရင် အလိုလိုသိစိတ်မြင့်သလား။

ငယ်ငယ်ကဆိုလဲ တစ်ခုခုဆို
အမေဆူမှာဆိုးလို့ လိမ်မိတာရှိတတ်တယ်။
ငါးတွေမြှားတုန်းက သူများအသက်သတ်မိတာရှိတယ်။
အရက်ဘီယာလဲ သောက်ဖူးတယ်။
(အခုတော့ ဝိုင်ပြောင်းသောက်တယ် lol)
Pirated software တွေလဲ အသုံးပြုဖြစ်တော့
ငါလဲ ငါးပါးသီလ မလုံဖူးတော့
သေရင် ငရဲကျနိုင်တာပဲ။
အဲ့လိုအတွေးတွေနဲ့ ခေါင်းထဲ clarity မရှိခဲ့တဲ့
အချိန်တွေမှ မနည်းဘူး။

လူတွေက DNA ကို အပြောင်းအလဲလုပ်လို့ရတယ်။
ဒါကို Epigenetics လို့ခေါ်တယ်ဆိုတော့
စမ်းသပ်ဖူးတယ်။
အတွေးနဲ့ ပတ်ဝန်းကျင်ပြောင်း၊
အနောက်အပြုအမူပြောင်းရင်
ကိုယ့် gene ကိုပြောင်းလို့ရတယ်ဆိုတာ
အမှန်ပဲ။
မိရိုးဖလာ ကိုးကွယ်ရာကနေ
Secular Buddhism ကို လက်တွေ့ဘဝမှာ
Stoic philosophy လေးနဲ့ရောသုံး
Taoism လေးထည့်လိုက်တော့
ဘဝက တော်တော်အထာကျလာတယ်။

အမှောင်ထု တိမ်ဖုံးတိုင်း NLP တို့၊
Positive psychology တို့သုံးလိုက်ပြီး
လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ
Face-reading နဲ့ psycho-analysis
ထည့်လိုက်တဲ့အခါ ဘဝက အထာကျလာတယ်။

နောက်ပြီး
ဘဝက သောက်တလွဲတွေ တစ်ခုပြီးတစ်ခု
ဖြစ်မှာပဲ။
သောက်တလွဲမရှိတဲ့ဘဝ မျှော်လင့်မနေနဲ့။
တစ်နေ့မှာ နာမည်ပျက်မယ်။
မွဲမယ်။ ဖျားမယ်။ ခြေထောက်ကျိုး၊
မျက်စိကန်း၊ နားကန်း၊
ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုအထင်လွဲ၊
ပစ်သွားတာတာ၊ သေကွဲ၊ ရှင်ကွဲ
အကုန်ဖြစ်နိုင်တယ်။

သေတဲ့အချိန် မြေမြုပ်ပြီးမှ
မသေသေးပဲ ကိုယ့်အသံအော်လို့မရ
အဲ့လို အခြေနေမျိုးလဲ ကြုံနိုင်တာပဲ။
နူနိုင်တယ်။ HIV ဖြစ်နိုင်တယ်။
ကင်ဆာလဲဖြစ်နိုင်တယ်။
အသက်ရှင်နေတုန်း နူးကလိယစစ်ဖြစ်လို့
ကိုယ်လက်အင်္ဂါမစုံတာလဲဖြစ်နိုင်တယ်။
ကောင်းတာတွေချည်းဘဝက
မျှော်လင့်မထားနဲ့။
သောက်တလွဲတွေသာ မျှော်လင့်ထား။
ဒီတော့ နေ့ရက်တိုင်းက
ကိုယ်မျှော်လင့်ထားတာထက်တော့
နည်းနည်းပိုကောင်းတာမျိုးဖြစ်လာမယ်။

မဟုတ်ရင် ကိုယ်က နိုင်ငံခြားခရီး
ကိုယ်ချစ်တဲ့သူနဲ့သွားမယ်။
စဉ်းစားပြီး ပျော်ကောင်းပျော်နေမယ်။
သွားတဲ့နေ့မှာ မိုးလေဝသမကောင်းတာ၊
ဗိုက်နာတာ၊ ဖျားတာ၊ ရန်ဖြစ်တာ၊
မျိုးစုံ ကြိုးခုံဖြစ်နိုင်တယ်။

ဒီနေ့ခေတ်က Only paranoids survive ဆိုသလို
သောက်တလွဲတွေ ကြိုမျှော်လင့်ထားမှရမယ်။

ဒါကြောင့် ကျွန်တော့်ဘဝ philosophy တစ်ခုက
သောက်တလွဲတွေ ကြိုတင်မျှော်လင့်ထားပါ။

Phyo Paing @ Derek

Share Your Idea!​