ဆရာတစ်ယောက်ရဲ့ တာဝန်က
ကိုယ်သင်ကြားပြသလိုက်တဲ့သူတွေ
ကိုယ့်ထက် တော်သွားဖို့ပဲ။
ကိုယ်က ထိပ်မှာ လမ်းပိတ်ပြီး
ကိုယ့်ကို ပါရမီဖြည့်ဖို့မဟုတ်ဘူး။
လှေကားထစ်လို အထက်ကိုတင်ပေးဖို့။
ဘဝမှာ ဆရာတွေ အများကြီးရှိခဲ့တယ်။
ငါ့ကိုပဲ တစ်သက်လုံးကိုးကွယ်။
ငါက တစ်သက်လုံးဆရာဆိုတဲ့ဆရာနဲ့။
ကိုယ့်ရဲ့အောင်မြင်မှုကို တခြားမှာလဲ
ရှာဖွေအုံးဆိုတဲ့ ဆရာ။
ဂိုဏ်းတွေကို မကိုးကွယ်နဲ့။
ကိုယ်ဖြစ်ချင်တာကိုယ်လုပ်။
ကိုယ်လေ့လာနေတဲ့ သင်တန်း၊
ဆရာဆိုတာ ကိုယ့်ဘဝမှာ
လှေကားထစ်တစ်ခုပဲလို့ယူဆ။
ကြာလေလေ ဒီထက်မြင့်တဲ့
နေရာရောက်လေလေ
လမ်းပြသူ၊ လေ့လာရမည့်သူ
အသစ်တွေ တွေ့လေလေပဲ။
Phyo Paing @ Derek