Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အများစုနဲ့ တူချင်ရင်
အများလုပ်သလိုလုပ်

လူအများစုနဲ့ မတူချင်ရင်
အများစုနဲ့ မတူတဲ့
ဘဝနေထိုင်မှုပုံစံရှိရမယ်။​

လူအများစုက စာမဖတ်ဘူး။
အများစုက မတွေးဘူး။
အများစုက စိတ်ခံစားမှုနောက်လိုက်ပြီး
ခံစားမှုနဲ့ ဆုံးဖြတ်ချက်ချတယ်။
အများစုမှာ နေ့စဥ်မဖြစ်မနေ
အကောင်အထည်ဖော်ရမည့်
daily rituals မရှိဘူး။

အများစုက ကိုယ်မထိန်းချုပ်နိုင်တဲ့
အရာတွေအပေါ် စဥ်းစားစိတ်ညစ်တယ်။
အများစုက ပြဿနာမပေါ်ခင်
ကြိုတင်ပြင်ဆင်မှု မလုပ်ဘူး။
အများစုက တစ်ခုခုဆို
အပြစ်တင် ငြီးထွားပြောဆိုတတ်တယ်။

အများစုမှာ စားသောက်မှုပုံစံ
သေချာ သတ်မှတ်ထားတာမရှိဘူး။
အများစု လေ့ကျင့်ခန်းကို
သေသေချာချာ မလုပ်ကြဘူး။
အများစုက ကိုယ့်ကိုကိုယ်လေ့လာတဲ့
ဖြစ်စဥ်တွေဖြစ်တဲ့ journaling မလုပ်ဘူး။
အများစု တရားမထိုင်ဘူး။
အများစု ကိုယ့်ဘဝ ဖြတ်သန်းမှုဖြစ်စဥ်ကို
မှတ်တမ်းမတင်ဘူး။

အများစု ပြည်တွင်းမှာနေတာဆိုပြီး
မြန်မာစကားကလွဲပြီး
တခြားဘာသာစကားတစ်ခုကို
တစ်ရက်အချိန်တစ်ခုပေးပြီး
မလေ့လာဘူး။

အများစု ကိုယ်သိထားတာကို
တခြားသူကို ပြန်လည်မျှဝေပေးဖို့
အစီအစဥ် သိပ်မရှိဘူး။
အများစုမှာ သေချာသတ်မှတ်ထားတဲ့
ဘဝမှတ်တိုင် တိတိကျကျ မရှိဘူး။

အများစုမှာ ကိုယ်ဘာလုပ်မလဲ
ကိုယ်ဘာကို မလုပ်ဘူးလဲ​
သေသေချာချာ သတ်မှတ်ထားတဲ့
rule မရှိဘူး။

အများစုက အလုပ်ကို
အသက်လို့ ခံယူပြီး
serious ဖြစ်ဖြစ် မလုပ်ကြဘူး။

အများစုက ဘယ်လိုအခြေအနေဖြစ်ဖြစ်
သိပ်မပျော်ကြဘူး။
အများစုက ကိုယ့်အစွမ်းအစကို
အကောင်းဆုံး မထုတ်ဖော်နိုင်ဘူး။

အများစုနဲ့ တူချင်ရင်
အများလုပ်သလိုလုပ်။
အများစုနဲ့ မတူချင်ရင်
သူတို့ လုပ်သလိုမလုပ်နဲ့။

Phyo Paing @ Derek

Share Your Idea!​