ကိုယ့်ကိုကိုယ်
နားလည်အောင်လုပ်ရတာ
အခက်ဆုံးပဲ။
ကိုယ့်ကိုကိုယ် နားလည်သတိပြုမိတာကို
self-awareness လို့ခေါ်တယ်။
ကိုယ့်ကိုကိုယ်နားမလည်ရင်
ကိုယ့်ကို ဘယ်အရာက ပျော်စေလဲ။
ဘယ်အရာက စိတ်ညစ်စေလဲ။
ကိုယ်ဘယ်လို စဥ်းစားတတ်လဲ။
ဘာကို ယုံကြည်သလဲ။
ဘယ်အချိန်မှာ ဘယ်လိုခံစားချက်
ဖြစ်တတ်ပြီး
ဘယ်လို ပြုမူတတ်သလဲ မသိနိုင်ဘူး။
ကိုယ့်ရဲ့ အားသာချက်၊
အားနည်းချက် မသိရင်
ကောင်းမွန်တဲ့ ကိုယ့်ကိုကိုယ်
တည်ဆောက်နိုင်မှာ မဟုတ်ဘူး။
လူတိုင်းက မတူညီတဲ့ မျက်မှန်တွေနဲ့
ကမ္ဘာကြီးကို ကြည့်ကြတယ်။
အရောင်အသွေးကလဲ မတူကြဘူး။
မတူညီတဲ့ ပေတံတွေနဲ့
တိုင်းတာကြတယ်။
စိတ်တိုင်းကျမှုတွေကလဲ မတူကြဘူး။
ကိုယ့်ကိုကိုယ် ပုံပြင်တစ်ပုဒ်ပြောထားတယ်။
ငါက စမ်းသပ်မှုတစ်ခုပဲ။
မွေးကတည်းက ဘာမှ မရှိဘူး။
ဘဝမှာ ရှိလာတဲ့အရာတိုင်းက
အမြတ်ပဲ။
ကိုယ့်အသက်အရွယ်နဲ့
ကိုယ်လုပ်ချင်တာတွေလဲ လုပ်ခဲ့ပြီးပြီ။
ဆက်လုပ်ချင်တာ စမ်းသပ်ချင်တာ
စမ်းသပ်နေမယ်။
အရာရာ သုညဖြစ်သွားရင်တောင်
တန်တယ်။
လူတိုင်းကို မကူညီနိုင်ပေမယ့်
ကိုယ်ကူညီတဲ့သူတွေ၊
ကိုယ် service ပေးတဲ့သူတွေ
တကယ်အပြောင်းအလဲဖြစ်ရမယ်။
Phyo Paing @ Derek