ရုန်းကန်တာ ထုံးစံဖြစ်နေပါပြီ။
အနိုင်အရှုံးအကုန်လုံးကို
လုံ့လသုံးပြီး
ဖြစ်လာလာမလာလာ
ပြုံပြတတ်နေပြီ။
ဘဝရဲ့ ပထမပြဿနာက
အလုပ်မရှိတာ။
ဒုတိယ ပြဿနာက
အလုပ်က ဘဝရပ်တည်ဖို့
ငွေမလုံလောက်တာ။
တတိယပြဿနာက
လုံလောက်ပြီး ပိုကောင်းတဲ့
ဘဝအနာဂတ်မရှိတာ။
အလုပ်ရှိအကိုင်ရှိ၊
ဝင်ငွေရှိ၊
ပိုကောင်းတဲ့အနာဂတ်ရှိ
ဒီသုံးခုရှိနေမှ
ဘဝက ဖရိုဖရဲမဖြစ်မှာမို့၊
တစ်ဆင့်ချင်းလုပ်နေရတာပဲ။
စိတ်ရှည်ရမယ်။
သည်းခံရမယ်။
နေ့စဥ်သင်ယူရမယ်။
တွေးတတ်ရမယ်။
အရေးကြီးတာကို အာရုံစိုက်တတ်ရမယ်။
လူကြောနပ်ရမယ်။
ပေါင်းသင်းဆက်ဆံတတ်ရမယ်။
Phyo Paing @ Derek