အခုမနက် ၇ နာရီကစပြီး
ရွှေရည်ပြည့်မှန် အာမခံသည့်
အောင်သမာဓိ အတွက်
ဝန်းထမ်းတွေနဲ့ ဦးဆောင်သူပေါင်း
၃၀၀ ကျော်ကို သင်တန်းစီစဉ်ပေးရင်း
လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့
နိုင်ငံတကာ ကုမ္ပဏီကြီးကို ကျေးဇူးတင်မိတယ်။
ကိုယ့်ဘဝအတွက် လိုအပ်တဲ့
ကျွမ်းကျင်မှုတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့
ကုမ္ပဏီ ရင်ထဲက အမြဲရှိနေတယ်။
ကောင်းမှုကုသိုလ်ဆိုတာ သူတပါးဘဝ
တိုးတက်အောင် ကူညီပေးတာကလဲ
ပညာဒါနပဲ။
အလုပ်လုပ်တယ်ဆိုတာ
Earn + Learn နှစ်ခုရှိဖို့လိုတယ်လို့
ကိုယ်တိုင်ကလဲ ခံယူထားတယ်။
ခုလို ဝန်ထမ်းတွေအတွက် အမြဲ
တိုးတက်အောင် နှစ်စဉ် သင်တန်းတွေ
စီစဉ်ပေးတဲ့ ဦးအောင်နဲ့ ကိုလူဟန်တို့ကိုလဲ
အထူး လေးစားမိတယ်။
Phyo Paing @ Derek