နေရာတစ်ခုမှာ လုပ်ငန်းတစ်ခု
စတင်တဲ့အခါ
ပထမဆုံး ဘယ်လောက်အရှုံးခံမလဲ။
ဒီ အရှုံးကို အရင်စတွက်တယ်။
ကိုယ်မသိတဲ့စျေးကွက်မှာ
သတင်းအချက်အလက် အကုန်မရှိသေးရင်
ပထမဆုံး သတ်မှတ်တာက
“အရှုံးခံနိုင်တဲ့ ပမာဏ”ပဲ။
နောက် ဒီ ပမာဏကို အဆင့်လေးဆင့်ခွဲလိုက်တယ်။
ပထမ တစ်ရင်း ရှုံးရင်လုပ်မည့်
ဒုတိယ တစ်ရင်း၊
တတိယ တစ်ရင်း။
နောက်ဆုံးအနေနဲ့ နောက်ဆုံးကျည်ဆံ။
ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတိုင်းမှာ
Learning curve သင်ယူတဲ့အချိန်တွေရှိတယ်။
ပထမ၊ ဒုတိယ၊ တတိယ
မအောင်မြင်တဲ့အချိန်တိုင်းဟာ
successful failure အောင်မြင်တဲ့ရှုံးနိမ့်မှုဖြစ်ဖို့လိုတယ်။
အောင်မြင်တဲ့ ကျဆုံးမှုဆိုတာ
ကျဆုံးမှုတိုင်းမှာ သင်ခန်းစာကောင်းတစ်ခုရပြီး
ဒီသင်ခန်းစာပေါ် အခြေပြု အရင်းတည်ပြီး
နောက်ပိုကောင်းတဲ့ အရာတစ်ခုတည်ဆောက်လို့ရတာ။
လမ်းကြောင်း ပြောင်းသင့်ရင် ပြောင်းရတာမျိုး။
ဒါကို pivot လုပ်တယ်လို့ စီးပွားရေးလုပ်ငန်းတွေမှာခေါ်တယ်။
ဥပမာ ကိုကာကိုလာဆိုရင် ဆေးကုမ္ပဏီအနေနဲ့စခဲ့တယ်။
Tiffany and co ဆို stationery company အနေနဲ့ စခဲ့တယ်။
အရာရာ ကိုယ့်လက်ကိုယ့်ခြေနဲ့စခဲ့ပြီး
နောက်ကွယ်က ချမ်းသာဖေဖေမရှိတဲ့အခါ
အမြဲ ဘယ်လောက်ထိကြီးအောင်လုပ်မလဲထက်
“မပြုတ်စေနဲ့” ဒါက ပိုအရေးကြီးတယ်။
ဘယ်လောက်ကြီးအောင်လုပ်မလဲက
လုပ်ရင်းသင်ရင်းချဲ့ရင်း
တစ်လှမ်းသွား တစ်လှမ်းကြည့်သွားလို့ရတယ်။
ကမ္ဘာကြီးကို အပြောင်းအလဲလုပ်ဖို့မလိုဘူး။
ဘာအလုပ် လုပ်လုပ် အရင်း မပြုတ်ဖို့ လိုတယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay