Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကမ္ဘာပေါ်မှာ စီမံခန့်ခွဲမှု
လုပ်ရအခက်ဆုံးလူက
အားတီ ကိုယ်တိုင်ပဲ။

ဘာကြောင့်လဲဆိုတော့
logic အတိုင်းမသွားလို့။
စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်လှုံ့ဆော်မှုတွေကြား
ဗျာများပြီး လမ်းကြောင်းတွေ
လွဲလွဲသွားတတ်ကြတယ်။

ကျန်းမာစေတဲ့ အဟာရသန့်ရှင်းတဲ့
အစားအသောက်အတွေပဲစားရမှာသိတယ်။
ဒါပေမယ့် ပါးစပ်သရမ်းတယ်။

လေ့ကျင့်ခန်းကို တစ်ရက် ၃၀ မိနစ်နဲ့
တစ်ပတ်ငါးရက် အနည်းဆုံး
လုပ်ရမယ်ဆိုတာ သိတယ်။
ဒါပေမယ့် စောက်ပျင်းကြီးတယ်။

နေ့တိုင်း ခေါင်းထဲကို တန်ဖိုးရှိတဲ့
အတွေးအခေါ်တွေထည့်ရမှာသိတယ်။
ဒါပေမယ့် အကြောင်းပြချက်မျိုးစုံနဲ့
နေ့ရွေ့ညရွေ့လုပ်တယ်။

သူများကိုကျတော့
ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမလုပ်လို့
စောက်ပြဿနာရှာတယ်။
ကိုယ်တိုင်ကျတော့ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း
မလုပ်ကြဘူး။

အားတီတို့က hypocrisy တွေနဲ့
ဘဝကို ဖြတ်သန်းရတာ
ကျင့်သားရနေတတ်တယ်။

ဒါကြောင့် ကျွန်တော်ထင်တာ
ကမ္ဘာပေါ်မှာ စီမံခန့်ခွဲရ
အခက်ဆုံးက အားတီကိုယ်တိုင်ပဲ။

ကိုယ့်ကိုကိုယ် စီမံခန့်ခွဲလို့ရရင်
ကျန်တဲ့အရာက လွယ်သွားပြီ။

Phyo Paing @ Derek

Share Your Idea!​