Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပါ။

ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပါ။

စီးပွားရေးလုပ်ငန်းစတာနဲ့ ကလေးတစ်ယောက်မွေးတာတူတဲ့အချက်က

ကလေးငယ်တစ်ယောက်က ငယ်စဉ်မှာ ကြီးထွားတာမြန်တယ်။
လုပ်ငန်းတစ်ခုကလည်း စတင်ချိန်မှာ ကြီးထွားတာ အရမ်းမြန်တတ်တယ်။

တချို့လုပ်ငန်းတွေက ကြိုတင်စီမံပြီးမှ စသလို တချို့က အခြေအနေအရ စလိုက်တာရှိတယ်။

ကလေးမွေးကင်းစမှာ အိပ်ရေးပျက်ရသလို လုပ်ငန်းစတင်ချိန်မှာလဲ အင်မတန်ကြိုးစားအားထုတ်ရတယ်။

ကလေးတစ်ယောက် တီတီတာတာစကားပြောတတ်ချိန် ကြည်နူးရသလို
လုပ်ငန်းတစ်ခု ရုပ်လုံးနည်းနည်းပေါ်လာတဲ့အချိန်ကြည်နူးရတယ်။

ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကောင်းအောင် ပြုစုပျိုးထောင်ပေးရသလို
လုပ်ငန်းအတွင်းက လူအားလုံးရဲ့ အပြုအမူတွေတူအောင်၊ Core value တွေ သတ်မှတ်လိုက်နာဖို့လိုပြီး Culture ကို စနစ်တကျ ပြုစုပျိုးထောင်ဖို့လိုတယ်။

ကလေးကနေ အသက်အရွယ်တစ်ခုရောက်ရင် သူ့အလိုလိုရပ်တည်နိုင်ဖို့ ကြိုတင်လုပ်ဆောင်ပေးရသလို
လုပ်ငန်းတစ်ခု အခြေအနေတစ်ခုရောက်ရင် သူ့အလိုလို လည်ပတ်နိုင်ဖို့ Exit Strategy နဲ့
Succession Planning လိုတယ်။

ကလေးတစ်ယောက် တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပြီး ပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခု တည်တံ့ဖို့ Vision လိုတယ်။

AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

Share Your Idea!​