လူတွေကြားထဲဘယ်လိုပြုမူနေထိုင်
ပြောဆိုရမယ်ဆိုတဲ့
လူမှုဆက်ဆံရေးက ငယ်ကတည်းက
သေချာမသင်ပေးခဲ့ရင်
အသက်ကြီးတဲ့အခါ
လူတွေကြားထဲ လူတောမတိုးဖြစ်တတ်တယ်။
တချို့သူတွေက
လူတွေကြားထဲ လူတောတိုးဖို့
စိုးရိမ်စိတ်နဲ့ရှင်သန်တတ်တာမျိုး
တွေ့ဖူးကြလိမ့်မယ်။
လူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့
တော်တော်ကြိုးစားလဲ
အဆင်မပြေနိုင်တာမျိုး
ရုန်းကန်မှုတွေကို တွေ့ရနိုင်တယ်။
ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။
ဘာသာစကားသေချာသင်ပေးခဲ့တာ၊
ပေါင်းသင်းဆက်ဆံရေးသေချာသင်ပေးတာ၊
လူမှုအဖွဲ့အစည်းအပေါ်မှန်ကန်တဲ့အမြင်ရှိဖို့
သင်ပေးနိုင်တာ၊
ဒါတွေက အရေးကြီးတဲ့အရာတွေပဲ။
တကယ်က ငယ်ငယ်ကသေချာ
ပြုစုပျိုးထောင်မှုမရှိခဲ့ရင်
ကိုယ့်ကိုကိုယ် အသိစိတ် self-awareness ရှိရင်လဲ
ပြန်လည်ပြုပြင်ဖို့ အားထုတ်လို့ရတယ်။
အရေးကြီးတာ ပြင်ချင်ဖို့လိုတယ်။
Phyo Paing @ Derek