ငယ်ငယ်တည်းက အမျိုးတွေကြား
မိသားစုတွေကြားက ပြဿနာကြားမှာ
ပါဝင်ဖြေရှင်းပေးပေမယ့်နောက်ဆုံး
စိတ်ပျက်စရာနဲ့ပဲ အဆုံးသတ်တဲ့အတွက်
လျစ်လျူရှုမှု အတတ်ပညာနဲ့
အသက်ရှင်နေတဲ့သူတွေရှိတယ်။
လမ်းမှာ စက်ဘီးလဲသွားတာကူညီဖူးတာတွေ၊
မိုးရွာကြီးထဲ ဒုက္ခရောက်နေရင်
မနေနိုင် ကူညီပေးတဲ့သူကနေ
လောကမှာ ကိုယ့်အလှည့်ကျ
ဂျင်းထည့်တဲ့ လောကသားများကြောင့်
ဘေးပတ်ဝန်းကျင်နဲ့ လွတ်နေတဲ့
ကိုယ့်ကမ္ဘာနဲ့ ကိုယ်ရှင်သန်နေသူတွေရှိတတ်တယ်။
Phyo Paing @ Derek