လူယုံတွေကပဲ သတ်တာ။
ဒါကြောင့် Robert Greene က
48 laws of power မှာ
Don’t trust friends, use enemies တဲ့။
သမိုင်းတစ်လျှောက်ပြန်ကြည့်ရင်လဲ
ဒီသာဓကတွေ အများကြီးပဲ။
သက်ဆင်သမီးနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဒါကြည့်ရင်လဲ သာဓကတစ်ခုပဲ။
လူတိုင်းမှာ စည်းတစ်ခုထားရမယ်။
လျှို့ဝှက်ချက်တိုင်းကို ပြောလို့မရဘူး။
ဒေတာနဲ့ ကာကွယ်ရင်ကာကွယ်။
narrative အာဘော်နဲ့ကာကွယ်ရင်ကာကွယ်။
လောကမှာ လူလုပ်နည်းမတတ်ရင်
အန္တရာယ်သိပ်များတဲ့
ရှုပ်ထွေးလွန်းတဲ့ လူ့လောက။
သိလိုက်သည်ဖြစ်စေ
မသိလိုက်သည်ဖြစ်စေ
လောကကြီးက အကျိုးစီးပွါးအခြေပြု
လည်ပတ်နေကြတယ်။
ငွေကြေးတစ်ခုတည်းမဟုတ်ဘူး။
ဂုဏ်၊ အာဏာ၊ အစရှိသည်ပေါ့။
ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
လူ့သဘောမနောကို သိထားဖို့လိုတယ်။
Phyo Paing @ Derek