“အနည်းဆုံး ဆယ်ဆ ထပ်တိုးတက်နိုင်မည့်
ပတ်ဝန်းကျင်မှာ ရှင်သန်ပါ။”
ဒါကတော့ ကိုယ့်ကိုကိုယ်ချမှတ်ထားတဲ့
ဥပဒေသ တစ်ခုဖြစ်တယ်။
တချို့ပတ်ဝန်းကျင် အခြေအနေတွေက
မပြုတ်အောင် ထိန်းနေရတဲ့အခြေအနေဖြစ်မယ်။
သန်တုန်း၊ မြန်တုန်းမှာ အသေဝုန်းဖို့
အသက် ၅၀၊ ၆၀ မတိုင်ခင်တော့
ထိန်းခြင်း defense ထက်
စွန့်စားခြင်း၊ စမ်းသပ်ခြင်း
၁၀ ဆ ထပ်ကြီးနိုင်မည့် ပတ်ဝန်းကျင်
နယ်ပယ်မှာ ရှင်သန်ခြင်းကို
လုပ်သွားမယ်လို့တော့ စဥ်းစားထားတယ်။
မဟုတ်လဲ တစ်နေ့ အကုန်သေမှာပဲ။
ကိုယ့်ထက်အရင် လောကထဲက
ထွက်သွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေတောင်
မနည်းတော့ဘူး။
တချိန် ကိုယ်လဲ ဒီလမ်းသွားရမှာပဲ။
မသွားခင် ဘဝဂိမ်းမှာ
ကိုယ်တန်ဖိုးထားတဲ့ အလုပ်၊
မြတ်နိုးတို့အရာတွေ၊
သိချင်တဲ့ အဖြေတွေကို ထုတ်ဖို့
အချိန်ကို အကောင်းဆုံး
အသုံးပြုသင့်တယ်လို့ထင်တယ်။
Phyo Paing @ Derek