အရင်က ကျေးဇူးတင်တဲ့လူစာရင်းထဲမှာ
ကိုယ် မပါဘူး။
နောက်ပိုင်း ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
concept ကို စလုပ်ကြည့်တယ်။
အဓိက အခြေခံ concept ကတော့
soul နဲ့ body ကို ခွဲလိုက်တယ်။
ဝိညာဉ် နဲ့ ခန္ဓာကိုယ် ဆိုပါတော့။
I am not a body with a soul.
I am a soul with a body ဆိုတဲ့ concept ပါ။
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရလဒ်တစ်ခုပဲ။
ဒီ ခန္ဓာကို ခိုင်းစေတာက ဝိညာဉ် ပဲဖြစ်တယ်။
ဒီ idea ကို 25 August 2015
Dr. Wayne Walter Dyer မသေခင်တစ်ရက်အလိုမှာ
သူ့ audiobook နားထောင်ရင်းနဲ့ စသိခဲ့တယ်။
နောက်ပိုင်းမှသာ အသုံးချရင်းပိုနားလည်လာတာ။
နေ့စဥ်ကျေးဇူးတင်တဲ့ သူစာရင်းမှာ
ကိုယ့်ကိုကိုယ် best version ဖြစ်အောင်
နေ့စဥ်ဖန်တီးနေတဲ့ ကိုယ့်ကိုကိုယ် ကျေးဇူးတင်ကြည့်ပါ။
Phyo Paing @ Derek