ကိုယ့်ကိုကိုယ် ချစ်တတ်အောင်
အရင်ကြိုးစားဖို့လိုတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဂရုဖိုတိုရိုက်ပြီးရင်တောင်
ကိုယ့်ပုံကိုယ် အရင်ကြည့်ကြတာမဟုတ်လား။
ကိုယ့်ကိုကိုယ်ချစ်တတ်ရင်
ကိုယ်ဒုက္ခရောက်တဲ့အရာတွေမလုပ်တော့ဘူး။
ကိုယ့်ကိုကိုယ်ချစ်တတ်ရင်
ကိုယ့်ကို ရေရှည်မှာစိတ်ညစ်စေတဲ့အရာမလုပ်ဘူး။
ကိုယ့်ကိုကိုယ် တန်ဖိုးထားမယ်။
တွေ့ကရာလူနဲ့ မပေါင်းတော့ဘူး။
စားချင်တာ တဖြဲနှစ်ဖြဲရှောက်မစားတော့ဘူး။
လေ့ကျင့်ခန်းပုံမှန်လုပ်လာမယ်။
ကိုယ့်ကိုကိုယ် တိုးတက်အောင်အားထုတ်လာမယ်။
ဘူကောင်တွေကိုရှောင်လာမယ်။
ရှောင်လို့မရတဲ့ အမျိုးတွေဆို
လူပေါင်းစိတ်ခွါ လုပ်တတ်လာမယ်။
Phyo Paing @ Derek