လောကမှာ အခက်ဆုံးအလုပ်တစ်ခုက
“ကိုယ့်ကိုကိုယ် နားလည်အောင်” လုပ်တာပဲ။
ကိုယ့်ကိုကိုယ် နားလည်အောင်
“စိတ်” နဲ့ “ခန္ဓာ” ကိုလေ့လာကြတယ်။
စိတ်ကိုလေ့လာဖို့ တချို့က
အဘိဓမ္မာကိုလေ့လာကြတယ်။
တချို့က သိပ္ပံစိတ်ပညာကိုလေ့လာတယ်။
တချို့က နှစ်ခုစလုံးကို
အမြင်ကျယ်ကျယ်ထားပြီးလေ့လာတယ်။
အတွေ့အကြုံရအောင် လုပ်ကြည့်တယ်။
နောက်တစ်ခုက ခန္ဓာ။
သေချာစဥ်းစားကြည့်
ကိုယ်ကလူသာဖြစ်နေသာ
ကိုယ့်ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ချောင်းရှိလဲ၊
ဘယ်ကြွက်သားက ဘာအလုပ်လုပ်လဲ၊
ဘာအင်္ဂါတွေရှိလဲ၊
တစ်မိနစ်ကို ပုံမှန် အသက်ဘယ်လောက်ရှူသလဲ၊
တစ်မိနစ်နှလုံးခုန်နှုန်းဘယ်လောက်ရှိသလဲ၊
ခန္ဓာကိုယ်ကြီး ဘယ်လိုလည်ပတ်နေလဲ၊
သိထားဖို့လိုသလား။
ကိုယ့်ကိုကိုယ် နားလည်ချင်ရင်
တီးမိခေါက်မိတော့ရှိဖို့လိုတယ်။
တကယ်တမ်းက လောကမှာ
ကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးတာ၊
သူများဘဝအခြေအနေတွေကို
အပေါ်ယံအမြင်နဲ့ အကဲခတ်ဆုံးဖြတ်လောက်တဲ့
ဥာဏ်ရှိဖို့ အများကြီး ကြိုးစားရအုံးမယ်။
Phyo Paing @ Derek