ကိုယ့်ကိုကိုယ် ပြန်မေးရမှာ
လွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကထက်
ဘဝက ပိုကောင်းလာလား၊
ပိုဆိုးလာလား။
တစ်ကိုယ်ရည်ဘဝအတွက်
စိတ်နဲ့ ခန္ဓာ
ဘဝအရည်အသွေး
တိုးတက်လာဖို့လိုတယ်လို့ထင်တယ်။
ဒီအတွက်လဲ ဘယ်သူ့မှ
အားကိုးနေလို့မရပြန်ဘူး။
ငှက်ကလေးက သစ်ကိုင်းထက်
အတောင်ကိုပိုအားကိုးဖို့လိုတတ်တဲ့
အချိန်တွေရှိတယ်။
Phyo Paing @ Derek