လူဆိုတာ အကျင့်ပါတာ
မတရားလွယ်တဲ့ သတ္တဝါ။
အထူးသဖြင့် မကောင်းတဲ့အကျင့်ပေါ့။
ငါဒီနေ့တော့ စားလိုက်ပါအုံးမယ်ဆို
တဖြဲနှစ်ဖြဲစားတော့ နောက်နေ့
စားချင်ပြန်ရော။
နောက်ရက်ဆက်သွားရော။
ငါဒီနေ့တစ်ရက် နားလိုက်ပါအုံးမယ်ဆိုပြီး
တစ်ရက်တစ်ရက် မဖြစ်မနေ
လုပ်ရမည့် ဝတ္တရားတွေ မလုပ်ပဲ
အလေလိုက်ပြန်တော့ အကျင့်ပါသွားရော။
နားရမည့်အချိန်နားသလို
အလုပ်လုပ်ရမည့်အချိန် အချောင်ခိုရင်
နောက်ဆုံး ဒုက္ခရောက်မှာ ကိုယ်ပဲ။
ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။
Phyo Paing @ Derek