Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ

လူတချို့က ငယ်ငယ်တုန်းကလဲ
ပင်ပင်ပန်းပန်းနဲ့ မလုပ်ချင်တဲ့
အလုပ်တွေလုပ်ခဲ့ရတယ်။

နောက်စိတ်ဖိဆီးမှုများများနဲ့
မကြိုက်တဲ့ဒေသမှာ
ကိုယ်မနှစ်မြိုနဲ့သူတွေကို
ပြုံးပြပြီး ဘဝကြီးကို
အံဝင်ဂွင်ကျဖြစ်အောင် ဖြတ်သန်းနေခဲ့ဖူးတယ်။

ဝါသနာမပါတဲ့ အသိ၊ အတတ်ပညာတွေကို
ဘောင်ဝင်အောင်လေ့လာရင်း
မကျက်ချင်တဲ့စာတွေကျက်ပြီးဖြတ်သန်းခဲ့ရတယ်။

ကြေကွဲစရာ၊ ဝမ်းနည်းစရာတွေကြား၊
trauma response တွေကြောင့်
ဘဝကို ဒေါင်ကျကျဖြတ်သန်းရင်း
ကိုယ့်ဘဝကိုကိုယ် enjoy လုပ်ဖို့
မေ့နေတတ်တယ်။​

တခါတလေ အကြွေးယူပြီး
လုပ်ငန်းတွေ စမိရင် မပြီးတော့တဲ့
ပူပင်မှုတွေနဲ့။

အိမ်ထောင်ရေး၊ သားရေးသမီးရေးနဲ့
လောလောပြီး ကနေရတဲ့
လောကထဲမှာ လွတ်လပ်မှုရဲ့အဓိပ္ပာယ်
ပျောက်နေတဲ့ သူတွေရှိတတ်တယ်။

ဘဝမှာ လွတ်လပ်မှုသုံးမျိုးလိုတယ်။
ခန္ဓာကိုယ်အချုပ်အနှောင်ကင်းဖို့
physical freedom
စိတ်ခံစားမှုအချုပ်အနှောင်ကင်းဖို့
psychological freedom
အတွေးအခေါ် ဝါဒတွေကိုကျော်လွန်ပြီး
လွတ်မြောက်မှုရဖို့
spiritual freedom

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးလိုက်ပါ။​
အကြွေးတွေကိုတတ်နိုင်သလောက်ရှောင်ပါ။​
အကြွေးရှိရင် လွတ်မြောက်မှုရဖို့မလွယ်ဘူး။
နောက်ဘဝရှင်သန်ဖို့အတွက်
financial plan သေချာလုပ်ဖို့လိုတယ်။
အသုံးစရိတ်တွေကို ဘာမှမလုပ်ပဲ
နှစ်နှစ်လောက်အနည်းဆုံးနေနိုင်အောင်
စီမံထားဖို့လိုတယ်။
ဒါမှလဲ​ physical freedom ကလွတ်မြောက်မှာ။

နောက် တွယ်တာတာတွေကိုလျော့။
attachment တွေက emotional freedom ကို
ပျောက်စေတယ်။
သဝန်တိုတာ၊ ဒေါသထွက်တာတွေဖြစ်စေတယ်။​
သူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုကိုယ်
အားမလိုအားမရဖြစ်တာလျော့ဖို့လိုတယ်။

နောက်ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့
အာရုံတွေ ကိုယ်နဲ့ကပ်နေဖို့
spiritual freedom လိုတယ်။​

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​