AI က အရာအားလုံး လုပ်ပေးနိုင်တယ်။
ဒါပေမယ့် တစ်ခု မလုပ်ပေးနိုင်သေးဘူး။
ကိုယ့်ကိုကိုယ် နက်နက်နဲနဲ သိအောင်။
AI လုပ်ပေးနိုင်တာ
SWOT Analysis လုပ်ပေးနိုင်တယ်။
MBTI ရှင်းပြပေးနိုင်တယ်။
Ikigai Framework ပေးနိုင်တယ်။
Strengths Finder မေးခွန်းတွေ မေးပေးနိုင်တယ်။
ဒါပေမယ့် အကုန်လုံး အပေါ်ယံပဲ။
ဘာကြောင့် အပေါ်ယံပဲ ဖြစ်နေလဲ
AI က ကိုယ်ပြောတာကို ယူတယ်။
ကိုယ်ပြောတာက ကိုယ်သိတာပဲ။
ကိုယ်မသိတာကို AI က ဘယ်လိုသိမလဲ။
ကိုယ့်ကိုကိုယ် သိတယ်ဆိုတာ
ကိုယ်ထင်တာ မဟုတ်ဘူး။
ကိုယ်ပြောတာ မဟုတ်ဘူး။
ကိုယ်ယုံကြည်တာ မဟုတ်ဘူး။
တကယ် ဖြစ်နေတာ။
အပေါ်ယံ vs နက်နက်နဲနဲ
အပေါ်ယံအရဆို
“ငါ Leadership ကောင်းတယ်”
“ငါ Introvert ဖြစ်တယ်”
“ငါ Creative ဖြစ်တယ်”
နက်နက်နဲနဲဆို
ဘာကြောင့် ဒီလို ဖြစ်လာတာလဲ။
ဘယ်အချိန်မှာ ဒီလို မဖြစ်ဘူးလဲ။
ဘာကို ရှောင်နေတာလဲ။
ဘာကို ကြောက်နေတာလဲ။
AI မလုပ်ပေးနိုင်တာက
ကိုယ့် Shadow ကို မမြင်ပေးနိုင်ဘူး။
ကိုယ့် Blind Spot ကို မထောက်ပြနိုင်ဘူး။
ကိုယ့် Defense Mechanism ကို မဖော်ပေးနိုင်ဘူး။
ကိုယ် ဘာကို ဖုံးကွယ်ထားလဲ မသိဘူး။
ကိုယ်ပြောတာကိုပဲ ယူရတော့
ကိုယ်မပြောတာကို မသိဘူး။
နက်နက်နဲနဲ သိဖို့ လိုတာ
၁။ တကယ့် လူ
Coach, Therapist, Mentor။
မျက်နှာချင်းဆိုင် ထိုင်ပြီး မေးတဲ့သူ။
ကိုယ့်မျက်နှာ ကိုယ့်အသံ ကိုယ့်ခန္ဓာကို ဖတ်နိုင်တဲ့သူ။
၂။ တကယ့် အတွေ့အကြုံ
ခက်ခဲမှု ကြုံမှ ကိုယ့်ကိုကိုယ် သိမယ်။
ဖိအားပေးမှ တကယ့်ကိုယ် ထွက်လာမယ်။
စမ်းသပ်မှ သိမယ်။
၃။ တကယ့် အချိန်
ကိုယ့်ကိုကိုယ် သိဖို့ အချိန်ယူရတယ်။
တစ်ညနဲ့ မရဘူး။
တစ်သက်လုံး လုပ်ရတာ။
၄။ တရားအားထုတ်မှု
ဝိပဿနာက ကိုယ့်ကိုကိုယ် ကြည့်တာ။
အတွေးကို ကြည့်တာ။
ခံစားမှုကို ကြည့်တာ။
တုံ့ပြန်မှုကို ကြည့်တာ။
AI မေးခွန်းမေးတာနဲ့ မတူဘူး။
AI က အစပျိုးပေးနိုင်တယ်။
Framework တွေ ပေးနိုင်တယ်။
မေးခွန်းတွေ ပေးနိုင်တယ်။
ဒါပေမယ့် အဖြေကို AI မှာ မရှာနဲ့။
အဖြေက ကိုယ့်ထဲမှာ ရှိတယ်။
AI က မြေပုံ။
လမ်းလျှောက်ရမှာက ကိုယ်။
AI က အပေါ်ယံ ကူညီပေးနိုင်တယ်။
နက်နက်နဲနဲ သိဖို့ မလုံလောက်သေးဘူး။
ကိုယ့်ကိုကိုယ် တကယ်သိချင်ရင် –
တကယ့်လူနဲ့ ထိုင်ပြော။
တကယ့်အတွေ့အကြုံ ကြုံ။
တကယ့်အချိန် ပေး။
တကယ် အတွင်းကို ကြည့်။
AI က Tool ပဲ။
Phyo Paing @ Derek