လုပ်ငန်းစတင်တဲ့ သုံးလေးငါးနှစ်လောက်မှာ
ကိုယ်က ဘာဖြစ်ချင်လဲဆိုတဲ့
Vision ကြီးက ရှင်းလင်းနေတာမျိုး
ဖြစ်ချင်မှ ဖြစ်အုံးမယ်။
ဘာနဲ့တူလဲဆို လုပ်ငန်းရှင်ဆိုတဲ့
လမ်းကို လျှောက်ရင်း
ဘယ်ပန်းတိုင်ကို သွားသင့်တယ်၊
သွားနိုင်တယ်၊ သွားချင်တယ်ဆိုတဲ့
အမြင်က အချိန်တစ်ခုကြာမှ
ရှင်းရှင်းလင်းလင်းကြီးဖြစ်သွားတာမျိုး။
Business Coach အများစုက
ခင်ဗျာမှာ ချရေးထားတဲ့ vision ရှိလား၊
mission ရှိလား၊ core values ရှိလား
မေးလိမ့်မယ်။
မေးလဲ စာရွက်မှာချရေးလိုက်တာပဲ
အဖတ်တင်တယ်။
ဒါက အစပိုင်းမှာဆို ပြောင်းနေအုံးမှာပဲ။
ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့နိုင်ငံမှာ စာဖတ်တဲ့
လုပ်ငန်းရှင်ဆိုတာ သိပ်မများဘူး။
နောက်ပြီး ကိုယ့်အကြောင်းကိုယ်
journaling လုပ်တဲ့ လုပ်ငန်းရှင်လဲ
သိပ်မများသလို၊
လူတွေရဲ့ စိတ်အကြောင်း
လေ့လာတဲ့ အပိုင်းလဲအားနည်းတဲ့
အတွက် ဖြစ်တယ်လို့ယူဆတယ်။
အကြံပေးချင်တာကတော့
ကိုယ့်အကြောင်းကိုယ်သေချာလေ့လာပါ။
သင့်ရဲ့ ကိုယ်ပွားဖြစ်တဲ့အတွက်ကြောင့်
ကိုယ့်ကိုကိုယ် သေချာသိအောင်
လေ့လာပါ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay