အတိတ်ကြောင့် ဖြစ်လာတဲ့အရိပ်နဲ့
ချစ်ကြည်ရေးယူပါ။
ကိုယ့်ထဲမှာ ကိုယ် မကြိုက်တဲ့အပိုင်း ရှိတယ်
ဒါကို ဝှက်ထားလေ
အဲ့ဒါက ကိုယ့်ကို ပိုချုပ်ကိုင်လေပါပဲ
Carl Jung က Shadow (အရိပ်) လို့ ခေါ်ပါတယ်
Shadow ဆိုတာ
ကိုယ် ဖျောက်ထားတဲ့ ကိုယ့်အစိတ်အပိုင်းပါ။
ဒေါသကြီးတာကို ဖျောက်ထားတယ်
ငြူစူတာကို ဖျောက်ထားတယ်
မာနကို ဖျောက်ထားတယ်
“ငါက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီး
ဟန်ဆောင်တယ်။
ဒါပေမယ့်
ဖျောက်ထားတာနဲ့ ပျောက်သွားတာ မတူပါဘူး။
ကိုယ် ဒေါသကို ဖိထားရင်
တစ်နေ့ မထိန်းနိုင်တော့ဘဲ ပေါက်ကွဲပါတယ်။
ကိုယ် အားနည်းချက်ကို လက်မခံရင်
တစ်ချိန်လုံး သူများ အပြစ်ပဲ ရှာနေမိပါတယ်။
Jung ပြောခဲ့တာ ရှိပါတယ်။
“Until you make the unconscious conscious,
it will direct your life and you will call it fate.”
မသိစိတ် (Unconscious) ကို
သိစိတ် (Conscious) ထဲ မယူလာသရွေ့
ကိုယ့်ဘဝကို အဲ့ဒါက ချုပ်ကိုင်နေမယ်။
ပြီးတော့ ကံကြမ္မာလို့ ထင်နေမယ်။
ဒါက ခက်ခဲတဲ့ အလုပ်ပါ။
ကိုယ့်အရိပ်ကို ကိုယ် ရင်ဆိုင်ရတာ
ဘယ်သူ့ကိုမှ ရင်ဆိုင်ရတာထက်
ပိုခက်ပါတယ်။
ဒါပေမယ့်
ကိုယ့်ကိုကိုယ် အကုန်လက်ခံနိုင်တဲ့နေ့
အဲ့နေ့မှ ကိုယ် တကယ် လွတ်လပ်တာပါ။
Phyo Paing @ Derek