ကိုယ့်ကိုကိုယ်
အလွန်အကျွံအပြစ်မတင်ပါနဲ့။
ကျွန်တော်တို့ ယဥ်ကျေးမှုမှာ
လူတချို့က ကိုယ့်ကိုကိုယ်
လိုတာထက် အပြစ်တင်တာနဲ့
ကြီးပြင်းလာတတ်ကြတယ်။
အသက်ကြီးတဲ့ထိ ဒီစိတ်ခံစားမှုကြီးက
မပျောက်သွားတာမျိုးဖြစ်တတ်တယ်။
အထူးသဖြင့် မိသားစုမှာ
ideal အကောင်းဆုံးအခြေအနေနဲ့
သွေဖယ်သွားတိုင်း၊
လုပ်သင့်တာကို မလုပ်ခဲ့လိုက်ရတိုင်း၊
မလုပ်သင့်တာကို လုပ်ခဲ့မိလိုက်တိုင်း
နောင်တရ၊ အပြစ်တင်တတ်တဲ့
မိသားစုက ကြီးလာတဲ့အခါ
guilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်က
အော်တို ဘဝမှာရှိနေတာမျိုးဖြစ်တတ်တယ်။
ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အပြုအမူကို
လုပ်မိတဲ့အခါတိုင်း၊
ကိုယ်မပြောသင့်တဲ့စကားကိုပြောမိတဲ့အခါ
ဖြစ်တတ်တယ်။
တခါတလေ ကြီးကြီးကျယ်ကျယ်မဟုတ်
သေးသေးမွှားမွှားလေးတောင်မှ
ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့စိတ်က
ဗိုင်းရစ်လိုစွဲကပ်နေတာမျိုးလဲဖြစ်တတ်တယ်။
ဟင်းဝယ်တယ် လိုတာထက်များသွားတယ်။
ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။
ကိုယ်ဝယ်လိုက်တဲ့အရာက
ပုံမှန်ထက်စျေးများနေတယ်
ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။
ပိုဆိုးစေတာက နင်ဒီဘဝ
ဒီလိုဒုက္ခကြုံတယ်ဆိုတာ
အရင်ဘဝက ဘာတွေလုပ်ထားမှန်းမှမသိတာ
ဒီလို ဘဝအဓိပ္ပာယ်ဖွင့်ဆိုမှုတွေကလဲ
guilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကို
တိုးပွားစေတယ်။
ငါတလွဲလုပ်လိုက်မိတယ်။
ပြင်တော့ပြင်ရမယ်။
ဒါက guilt.
ငါကတော့ အမြဲတလွဲလုပ်တဲ့ကောင်းပဲ
ဒါက self-blame.
လူတွေသတ်မှတ်ထားတဲ့စံနှုန်းထဲဝင်ဆန့်ဖို့
အမြဲကိုယ့်ကိုကိုယ် မှားတယ်ထင်ပြီး
guilt ဖြစ်တာဖြစ်ဖြစ်၊
self-blame လုပ်တာဖြစ်ဖြစ်
ဒါတွေက အလွန်အကျွံလုပ်ရင်
မကောင်းဘူး။
ဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ပြောပါ။
“ငါ့ logic နဲ့ ငါ
အဲ့အချိန်က
အသိဥာဏ်နဲ့၊ ခံစားချက်နဲ့၊
အခြေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တာပဲ။”
ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။
ဘဝကို နေပျော်ချင်ရင်
“အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့
နှလုံးသွင်းကြည့်ပါ။”
Phyo Paing @ Derek