ကိုယ့် formula နဲ့ ကိုယ်။
ပိန်ချင်ရင်အိပ်။
ဘာလုပ်လုပ်တင်။
အလုပ်ဖြစ်တာလုပ်။
ကိုယ့်ကိုငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံးဖို့ မနှမြောနဲ့။
သက်သေပြခိုင်း။
အစရှိတဲ့ formula သုံးတယ်။
ပိန်ချင် ဝိတ်ကျချင်ရင်
အရင်က gym သွားတယ်။
ကယ်လိုရီ ၁၀၀ လောင်ကျွမ်းဖို့
သေမလောက်လုပ်ရတယ်။
ဒီတော့ TRE လို့ခေါ်တဲ့
Time-restricted eating လုပ်၊
အဲ့လို ၁၆ နာရီလောက် အစာမစားတော့
insulin ကျသွားတယ်။
Craving ဗိုက်ခဏခဏမဆာအောင်
ကာဗိုဟိုက်ဒရိတ်ကို တတ်နိုင်သမျှရှောင်၊
သကြားရှောင်၊
ရေရေလည်လည်အိပ်။
အိပ်ရင် leptin ထွက်ပြီး
အစားစားချင်စိတ်ကို နည်းစေတယ်။
နောက် grehlin hormone နည်းစေပြီ
ကွိကွိကွိဗိုက်ဆာတာနည်းစေတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ် ဥပဒေသတစ်ခုထုတ်တယ်။
ပိန်ချင်ရင် အိပ်။
Social media မှာ ဘယ်အချိန်မှာ
ဘယ်လို content တွေတင်ရင်
လူကြည့်ပိုများတယ်ဆိုပြီး
အချိန်တွေစောင့်ဆိုင်းနေကြတယ်။
အဲ့အရာက ပြီးပြည့်စုံမှတင်မယ်ဆိုတဲ့
အတွေးကို ဖြစ်ပေါ်စေတယ်။
ဒါကြောင့် social media မှာ
ကိုယ့် content တွေ ပေါက်ချင်ရင်
ဘာလုပ်လုပ်တင်ဆိုတဲ့ အယူအဆထုတ်ထားတယ်။
တင်ပြီး သောက်တလွဲဖြစ်ရင်
ဘယ်လိုလုပ်မလဲဆိုရင်
Post now, edit later ပဲ။
သတင်းစာ၊ journal တွေလိုပေါ့
သတင်းတစ်ခုထွက်လာရင်
မြန်မြန်ဆန်ဆန်တင်ပြီး
မှားမှ မှားကြောင်းပြန်ပြောတဲ့
ဒီနေ့ခေတ် beta journaling လိုမျိုးပေါ့။
စီမံခန့်ခွဲမှုမှာ သီအိုရီအများကြီးရှိတယ်။
ဝန်ထမ်းတွေက ခိုင်းမှရတယ်ဆိုတဲ့
Theory X တို့၊
မဟုတ်ဘူး အားပေးရင်
အလုပ်ပိုပြီးတယ်ဆိုတဲ့ Theory Y တို့၊
အလုပ်ကြမ်းနဲ့ ဥာဏအလုပ်ပေါ်မူတည်ပြီး
ကွာတယ်ဆိုတဲ့ Theory Z တို့။
အဲ့လို သီအိုရီတွေအများကြီးပဲ။
ကိုယ့်အတွက် အရေးကြီးတာ
ကိုယ်နဲ့ အလုပ်ဖြစ်တာ ကိုယ်လုပ်။
နောက် ကိုယ့်ကိုငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံးရမှာ မနှမြောနဲ့။
နောက်ပြီး ကိုယ်ကကြီးသက်သေပြဖို့
မကြိုးစားနဲ့ သက်သေပြခိုင်း။
ငယ်ငယ်ကဆို ကိုယ်က boss ကောင်းဖြစ်တာ
သက်သေပြချင်တယ်။
ဒီနေ့ခေတ်မှာတော့ တခြားသူတွေရဲ့
အရည်အချင်း ကိုယ့်ကို သက်သေပြခိုင်းတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်
ဘဝဖြတ်သန်းမှု ဖော််မြူလာတူမှာ
မဟုတ်ဘူး။
အရေးအကြီးဆုံးက နေ့စဉ်
လတ်ဆတ်နေဖို့ပဲ။
PHYO Paing @ Derek