ကိုယ်လုပ်တဲ့အလုပ်တွေရဲ့
နောက်ဆုံးပန်းတိုင်က
“ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့။”
အစားအသောက်၊ အပျော်အပါး
ဒီအတွေ့အကြုံတွေက
ခဏတာပဲ ခံတယ်။
ကိုယ့်ခန္ဓာကိုယ်ကြီးထဲနေနေရတဲ့
“လူသားအတွေ့အကြုံ” က
အချိန်နဲ့ အမျှဖြစ်နေတာ။
ကိုယ့်ရဲ့ဖြစ်တည်မှုကို
ဂုဏ်ယူခံစားတာလောက်
ကောင်းတဲ့ “လူသားအတွေ့အကြုံ”
လောဂီဘဝမှာ
တော်တော်လေးရှားတယ်။
လူသားအတွေ့အကြုံကို
ကောင်းမွန်စေတာ
ကျန်းမာကြံ့ခိုင်ရေးနဲ့
အတွေးပဲ။
ဒါကြောင့် ကျန်းမာအောင်နေ။
အတွေးကို ဂရုစိုက်။
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေ
နေ့စဥ်လုပ်။
လုပ်ငန်းကိုဘဲ မတည်ဆောက်နဲ့
ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။
Phyo Paing @ Derek