ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုက
လူတစ်ယောက်ရဲ့ အခြေခံပဲ။
အချိန်ဆွဲတာကို ဖျောက်တာ။
ရည်မှန်းချက်ထားတာ။
ကောင်းမွန်တဲ့အမူအကျင့်တည်ဆောက်တာ။
မလိုအပ်တဲ့ စိတ်အာရုံထွေပြားစေတာကို
မလုပ်ဆောင်တာ။
စွမ်းဆောင်ရည်မြင့်အောင်လုပ်တာ။
ကိုယ့်အလုပ်ကိုယ်အာရုံစိုက်နိုင်တာ။
ပေါင်းတတ်သင်းတတ် ပြောဆိုတတ်တာ။
ကိုယ့်စိတ်ခံစားမှု ကိုယ်သိပြီး
အပျက်သဘောဆောင်တဲ့
စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ။
လေ့လာသင်ယူနိုင်စွမ်းရှိတာ။
ကိုယ့်ငွေကိုယ် စီမံခန့်ခွဲတတ်တာ။
ဒီအခြေခံတွေ မရှိတဲ့အခါ
တစ်ခုကြား တစ်ခုလုပ်
“မော်တီဗေးရှင်း” လိုက်ရှာနေရတတ်တယ်။
မော်တီဗေးရှင်းဆိုတာ ဆေးမြီးတိုလိုပဲ
ဝေဒနာကို ခဏသက်သာစေတဲ့
ခဏတာ အသက်ကယ်တဲ့
corticosteroid လိုပဲ။
ခဏတာပဲခံတယ်။
နောက်ဆက်တွဲဆိုးကျိုးရှိတယ်။
ဥပမာ Tik Tok လေးပွတ်လိုက်
အတွေးလေးတစ်ခုရလိုက်
အလုပ်လေးလုပ်လိုက်။
နောက်ပိုင်း Tik Tok ပွတ်ချိန်က
အလုပ်လုပ်ချိန်ထက်ပိုများသွားတတ်တယ်။
ဒီအစား ကိုယ့်ကိုယ်ကိုယ်ကူညီဖို့
စံမီတဲ့ ကိုယ်ဖြစ်ဖို့
self-management ကိုယ်တိုင်စီမံခန့်ခွဲမှုကို
စနစ်တကျ လေ့လာဖို့လိုတယ်။
မြန်မာလိုဆိုရင်တော့
“တက်ကျမ်း”လို့ ပဲခေါ်ကြတယ်။
တက်ကျမ်းရဲ့အဓိပ္ပာယ်က self-help လို့
ဆိုရမယ်။
“တိုးတက်ရေးစာပေ”
personal development ဆိုတာလဲရှိတယ်။
ဒီနှစ်ခုက တူတယ်။
ကွဲလဲကွဲတယ်။
ဥပမာ
Self-help က ကိုယ့်ပြဿနာကိုယ်
မြန်မြန်ဖြေရှင်းဖို့ ချက်ချင်းလုပ်လို့ရတာ။
ဥပမာ အသည်းကွဲတာ ဘယ်လိုကုစားမလဲ။
Personal Development က
ကိုယ်လိုချင်တဲ့ အချစ်ရဖို့။
ဥပမာက
ဟာသလိုလိုတော့ဖြစ်နေလိမ့်မယ်။
အဓိပ္ပာယ်က self-help က ချက်ချင်း။
Personal development က ရေရှည်။
ဥပမာ
ပျင်းနေတာကို ၅၊ ၄၊ ၃၊ ၂၊ ၁
စလုပ်မယ်။
ဒုံးပျံပျံသန်းသွားသလို မှတ်ပြီး
ပျင်းနေတာကို ချက်ချင်းထလုပ်လိုက်တာကို
အကြံပြုတဲ့ မယ်ရိုဘင်ရဲ့
“The 5 Second Rule” by Mel Robbins
ဒါက self-help
အမူအကျင့်တည်ဆောက်ဖို့
အချိန်ပေးရမယ်။
စွမ်းဆောင်ရည်မြင့်သူများရဲ့
အမူအကျင့်ကောင်း ၇ ခု
The 7 Habits of Highly Effective People
စတန်းဖို့ ပါမောက္ခ ကာရိုးဒရပ်
သုတေသနလုပ်ရေးသားထားတဲ့
အောင်မြင်မှု စိတ်ပညာ
“Mindset: The New Psychology of Success” by Carol S. Dweck
ဂျာနယ်လစ် ဂျိမ်းကလိယာရေးတဲ့
အမူအကျင့်တည်ဆောက်ခြင်း
“Atomic Habits” by James Clear
ဒါတွေက တိုးတက်ရေးစာပေ။
ကိုယ့်ကိုယ်ကိုယ်တောင်မပြောင်းလဲနိုင်ပဲ
တခြားသူတွေကို မပြောင်းလဲနိုင်တာကို
အပြစ်မပြောပါနဲ့လို့
ကိုယ့်ကိုယ်ကိုယ် အမြဲပြောတယ်။
တခြားသူတွေကို အပြစ်မပြောခင်
“ငါ့ကိုယ်ငါ တကယ်စီမံနိုင်ပြီလား”
ဒီမေးခွန်းကို လူတိုင်းပြန်မေးပြီး
အကောင်းဆုံးကိုယ်ဖြစ်အောင်လုပ်ရင်
ကိုယ့်ဘဝ၊ ကိုယ်နဲ့ နီးစပ်ရာသူတွေရဲ့ဘဝ
ပိုကောင်းလာမယ်လို့ထင်တယ်။
Phyo Paing @ Derek