အောင်မြင်မှုနောက်မလိုက်နဲ့။
တိုးတက်မှုနောက်လိုက်။
အောင်မြင်မှုက အဖြစ်အပျက်။
တိုးတက်မှုက ဖြစ်စဥ်။
အောင်မြင်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။
ကိုယ့်ရဲ့တိုးတက်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။
အောင်မြင်မှုက တခဏ။
တိုးတက်မှုက သေချာလုပ်ဆောင်ရင် တစ်ဘဝ။
အောင်မြင်တိုင်း အကြာကြီးမပျော်ဘူး။
တိုးတက်နေရင် အကြာကြီးပျော်တယ်။
လိုချင်တာရတဲ့အခါ အောင်မြင်မှုလို့ခေါ်တယ်။
သာမာန်ထက် ပိုဆွတ်ခူးနိုင်ရင်
အောင်မြင်မှုလို့ခေါ်ကြတယ်။
လိုချင်တာရလို့ ပျော်တာ အချိန်မကြာဘူး။
လူတွေရဲ့ အထင်အမြင်ပေါ်မူတည်ပြီးပျော်တာ
အချိန် အကြာကြီး မခံဘူး။
ကိုယ့်တိုးတက်မှုပေါ်မူတည်ပြီးပျော်တာ
အချိန်အကြာကြီးခံတယ်။
အောင်မြင်မှုနောက် မလိုက်နဲ့။
တိုးတက်မှုနောက်လိုက်။
တိုးတက်ရင် ဘေးက အောင်မြင်မှုက
bonus တစ်ခုလို ကပ်ပါလာနိုင်တယ်။
ကျန်းမာရေးတိုးတက်အောင်
အစားအသောက် လေ့ကျင့်ခန်းဂရုစိုက်လုပ်ဆောင်။
ဥာဏတိုးတက်အောင်
စာဖတ်၊ ပြဿနာတွေ အဖြေရှာ။
အလုပ်အကိုင်၊ စီးပွားရေးတိုးတက်အောင်
အချိန်ပေးစဥ်းစားလုပ်ဆောင်။
စိတ်ငြိမ်းချမ်းရေးအတွက်
နေ့စဥ်အမှိုက်တွေစွန့်ပစ် တရားထိုင်၊ ဆုတောင်း။
ငွေရေးကြေးရေးအတွက်
ရသမျှ အကုန်မသုံးနဲ့။
စုပြီးပွား။
အပြစ်မတင်ပဲ၊ အဖြေရှာ။
ကိုယ့်ကိုယ်ကို ဆုံးမစာ။
Phyo Paing @ Derek