Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။

ကိုယ်လိုတာမရရင် ဒုက္ခဖြစ်တယ်။
လိုချင်ပြီးမရလေလေ ဒုက္ခဖြစ်လေလေပဲ။

ဒုက္ခဆိုတာ “ချင်တယ်” ကစတယ်။
ဒီ “ချင်တယ်” ကိုဖျောက်လိုက်ရင်
ဥာဏ်စဥ်တက်ပြီး “မြင်တယ်” ဖြစ်လာတယ်။
“မြင်တယ်” ဖြစ်တဲ့အခါ
ကိုယ့်ဘဝနေထိုင်မှုပုံစံ “ပြင်မယ်” ဖြစ်သွားတယ်။

“ချင်တယ်” -> “မြင်တယ်” -> “ပြင်မယ်”

မြင်ဖို့အတွက်က
Mindful သတိရှိဖို့လိုတယ်။
သတိရှိဖို့က လေ့ကျင့်ဖို့လိုတယ်။
ဒီလို အတွေး၊ အကြံ၊ အလုပ်၊
အတွေ့အကြုံတွေကို သတိနဲ့
လေ့ကျင့်တာကို သတိပဋ္ဌာန်
Meditation လို့ခေါ်တယ်။

ဒီနှစ်ခုပေါင်းတော့ Mindfulness Meditation ဖြစ်ပြီး
အရှိကို အရှိအတိုင်းမြင်နိုင်ဖို့
လေ့ကျင့်တာကို Vipassana Meditation or
Mindfulness Mediation ဝိပဿနာလို့ခေါ်ပြီး
မြင်နိုင်တဲ့ပေါ်မူတည်ပြီး
ဉာဏ် လို့ခေါ်တယ်။

၁။ သမ္မသနဉာဏ်
၂။ ဥဒယဗ္ဗယဉာဏ်
၃။ ဘင်္ဂဉာဏ်
၄။ ဘယဉာဏ်
၅။ အာဒိနဝဉာဏ်
၆။ နိဗ္ဗဒါဉာဏ်
၇။ မုစ္စိတုကမျတာဉာဏ်
၈။ ပဋိသင်္ခါဉာဏ်
၉။ သင်္ခါရုပေက္ခာဉာဏ်
၁၀။ အနုလောမဉာဏ်

ဉာဏ်ဆယ်ပါးရှိတယ်။
ကိုယ့်ရဲ့ ဉာဏ်တက်ဖို့
လေ့ကျင့်ဖို့လိုတယ်။

သူ့အလိုလိုပေါက်တာ
မြက်ပင်ပဲများတယ်။
ပန်းကောင်းပန်းလှရချင်ရင်
သေချာစိုက်ပျိုးလေ့ကျင့်ရတယ်။

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။

Phyo Paing @ Derek

Share Your Idea!​