Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး

Personal Development ဆိုတာ
ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်တာပဲ။

စဥ်းစားကြည့်။
စားဝတ်နေရေးအတွက်
အသက်မွေးဝမ်းကြောင်းအလုပ်တွေ
ပြုစုပျိုးထောင်တယ်။

လုပ်ငန်းအောင်မြင်ရေးအတွက်
ဝန်ထမ်းတွေစီမံ၊
ဖောက်သည်တွေနဲ့ဆက်ဆံ၊
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ
ဝယ်ယူထုတ်လုပ် ဖြန့်ချီတယ်။
လုပ်ငန်းတိုးတက်ရေးလုပ်တယ်။

အခြေခံအကျဆုံးက
ကိုယ့်ကိုယ်ကို ပျိုးထောင်တာပါ။

ဒါကမြေဇီလွှာပေါ်ရှိတဲ့မျိုးစေ့နဲ့တူတယ်။
နေ့စဥ် ရေလောင်းပေးဖို့လိုတယ်။
ဒါမှ အပင်သန်မယ်။
ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး
Personal development ကစတယ်။
နောက်မှ အသက်မွေးဝမ်းကြောင်း
ကျွမ်းကျင်မှုပြုစုပျိုးထောင်ရေး
Professional development လာတယ်။
နောက်မှ အလုပ်အကိုင်စီးပွားရေး
ပြုစုပျိုးထောင်ရေးလာတယ်။
Business development.

ဘူနေတဲ့လုပ်ငန်းရှင်ရဲ့လုပ်ငန်းကလဲ
ဘူနေဖို့များတယ်။

ဒါကြောင့် Personal Development နဲ့စဖို့လိုတယ်။

ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုယ်ကိုတောင်မသိရင်
တခြားသူတွေလဲ လုပ်ဆောင်ပေးလို့မရဘူး။

Phyo Paing @ Derek

Share Your Idea!​