သာမာန်လူတွေပြောတဲ့
မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလုပ်။
မလွယ်ကူဘူးဆိုတဲ့အရာတွေလုပ်။
ဘဝဆိုတာ ဖြစ်နိုင်တာတွေကိုပဲ
ဖြစ်အောင်လုပ်ဖို့မှ မဟုတ်တာ။
ဘဝတိုတိုလေးမှာ မဖြစ်နိုင်တာတွေကို
ဖြစ်အောင် စိတ်ရှည်ရှည်ထားပြီး
ကံ၊ ဥာဏ်၊ ဝိရိယနဲ့ လုပ်ရမှာမဟုတ်ဘူးလား။
ဘဝဆိုတာ လွယ်တဲ့အရာတွေပဲ
လုပ်ရမှာမှ မဟုတ်တာ။
ဘဝဆိုတာ မလွယ်တဲ့အရာတွေကို
ကိုယ့်အတွက် လွယ်အောင်လုပ်ရမှာ
မဟုတ်ဘူးလား။
ရည်မှန်းချက် ကြီးကြီးမထားတဲ့အခါ
ပြဿနာသေးသေးလေးတွေနဲ့
တိုင်ပတ်နေတာ မပြီးတော့တာမျိုး
ဖြစ်တတ်တယ်။
ရည်မှန်းချက်ကြီးကြီးမထားတာ
ကိုယ့်ကိုကိုယ် စော်ကားတာနဲ့
အတူတူပဲလို့ ယူဆတယ်။
ကိုယ်ယုံကြည်တာကို
တခြားသူ အကောင်အထည်ဖော်ပေးတာ
မျှော်နေလို့မရဘူးဆိုတာ
ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက
သင်ပေးခဲ့တဲ့အတွက်
ကိုယ့်အားကိုယ်ပဲ ကိုးတယ်။
ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။
Phyo Paing @ Derek