Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

လုပ်ငန်းလုပ်တယ်ဆိုတာ
ထောင်ကျသလိုပဲ။

မနက်ထကတည်းက
ညအိပ်တဲ့အထိ
နေ့စဥ်အတွေး၊ အကြံ၊ အလုပ်၊
စီးပွား အကုန်လုံးကို
တစ်သားတည်းကျအောင်
တည်ဆောက်ထားလို့ရတယ်။
မဟုတ်ရင် လုပ်ငန်းလုပ်တယ်ဆိုတာ
ထောင်ကျသလိုပဲ။

ဖောက်သည်၊ ဝန်ထမ်း၊ စီးပွားမိတ်ဖက်၊
စပလိုင်ယာ၊ စက်ပစ္စည်းကိရိယာ
အကုန်လုံး အံဝင်ဂွင်ကျဖြစ်
လည်ပတ်ဖို့အတွက်က
Personal-Professional-Business Ecosystem
တစ်ခုတည်ဆောက်နိုင်ဖို့လိုတယ်။

ပါဆင်နယ်ဆိုတာ
ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊
တွေးတောကြံဆလုပ်ဆောင်ချင်တဲ့အရာတွေ၊
မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေနဲ့
ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီအောင်လုပ်ဆောင်ပြီး
ဒီကျွမ်းကျင်မှုကို နေ့စဥ်သွေးနေပြီး
ကိုယ့်လုပ်ငန်းလည်ပတ်ပုံနဲ့ ချိပ်ဆက်နိုင်တာ
Sync ဖြစ်နေအောင်လုပ်တာကို
ကျွန်တော်ကတော့
Personal-Professional-Business Ecosystem
လို့ခေါ်တယ်။

ဒီလိုလုပ်ဆောင်ဖို့ ဘဝမှာ
ကိုယ့်အတွက်၊ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွက်
သေချာ ဘယ်လိုနေထိုင်လည်ပတ်ချင်လဲ
ဒီဖိုင်းလုပ်ရပြီး
ကိုယ်ဝန်ဆောင်မှုပေးမည့်ဖောက်သည်၊
ခန့်အပ်မည့်ဝန်းထမ်းပုံစံ၊
ကိုယ့်နဲ့အလုပ်လုပ်မည့်စီးပွားမိတ်ဖက်
အကုန်လုံးကို သေချာ စဥ်းစား
အဓိပ္ပာယ်ဖွင့်ဆိုရတဲ့အဆင့်ရှိမယ်။
ဒါကို Define လို့ခေါ်ပြီး
ဒီပေါ်မှာမူတည်ပြီး ပြန်လည် ဒီဇိုင်း Design လုပ်တယ်။

ဒီ Ecosystem တည်ဆောက်ဖို့က
ငါးနှစ်နဲ့ ဆယ်နှစ်ကြားကြာနိုင်တယ်။

ဥပမာ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေကို
ချရေးတာကနေ content marketing ဖြစ်ပြီး
ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုတိုးတက်အောင်
နေ့စဥ်လုပ်နေတဲ့အခါ ပျော်ရွင်မှုခံစားရသလို
ကိုယ့်လုပ်ငန်းအတွက်လဲ အမြဲမပြတ်
မဟာဗျူဟာမြောက်စဥ်းစားပေးနေနိုင်တယ်။

ဖရိုဖရဲဖြစ်နေတဲ့
နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုမနေမိဖို့ကတော့
ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

Working in business is like being in prison.

From morning to night, one can construct their daily thoughts, plans, work, and entire business so that everything fits together seamlessly. Otherwise, working in business feels like being in prison.

To create a cycle where customers, employees, business partners, suppliers, and equipment all fit perfectly, a Personal-Professional-Business Ecosystem is needed.

This ecosystem involves doing what you are interested in, what you want to think and act upon, and things you can’t live without, aligning them with your expertise, nourishing this expertise daily, and integrating it into your business operations to keep them in sync. I call this a Personal-Professional-Business Ecosystem.

To live and operate in this way, one must clearly consider what suits them, their expertise, and their business. This involves defining and designing based on this understanding.

Building this ecosystem can take between five to ten years.

For example, turning things you can’t stop thinking about into content marketing and enhancing your expertise daily can bring joy and provide continuous, expansive thinking for your business.

In a life that is as random as the weather, not getting swept away always remains a challenge.

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​