ကိုယ့်ကို ရင်အခုန်စေဆုံးအရာက
မရောက်သေးတဲ့အနာဂတ်။
ကိုယ့်ကို ဂုဏ်အယူစေဆုံးအရာက
ပြီးသွားတဲ့ အတိတ်။
ကိုယ့်ကို အအေးချမ်းစေဆုံးအရာက
လက်ရှိပစ္စုပ္ပန်။
မနက်ဖြန်ရောက်လာမည့်
အနာဂတ်ကိုစဥ်းစားတိုင်း
ကိုယ့်ကြိုတင်ကြံဆမှု၊
ပြင်ဆင်မှုနဲ့ ရလာမည့်ရလဒ်တွေ
စဥ်းစားမိတဲ့အချိန်တိုင်းရင်ခုန်မှုတွေဖြစ်တယ်။
မနေ့တုန်းက အတိတ်မှာ
ကိုယ့်အချိန်တွေကို အလေမလွင့်မရှိ
အကောင်းဆုံးအသုံးချပြီး
ကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးခဲ့တဲ့အတွက်
စဥ်းစားမိတိုင်း ဂုဏ်ယူမိတယ်။
လက်ရှိရှိနေတဲ့အချိန်မှာ
ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ကို
တန်ဖိုးထား အသိနဲ့ သတိရှိရှိ
အကောင်အထည်ဖော်ခွင့်ရတဲ့အတွက်
အေးချမ်းမှုဖြစ်တယ်။
Phyo Paing @ Derek