၁။ Direct Response Marketing (DRM)
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုအတွက်
ကြော်ငြာဖန်တီးပြီး အင်တာနက်ကကြော်ငြာခြင်း
အတတ်ပညာ။
လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, Instagram,
Tik Tok နဲ့ Google တွေကတဆင့်
ကြော်ငြာတွေဖန်တီးပြီး ဝင်ငွေရှာဖွေခြင်း။
Facebook မှာ ဆို Boost လုပ်တယ်ဆိုတဲ့
စကားခဏခဏ ကြားဖူးလိမ့်မယ်။
တစ်ဒေါ်လာကြော်ငြာလိုက်တိုင်းမှာ
ဝင်ငွေ ဘယ်လောက်ပြန်ရလဲ ကြည့်တဲ့
ROAS (Return on ad Spend) ကြည့်ပြီး
အင်တာနက်ကို ငွေရိုက်စက် (Money Making Machine)
ဖန်တီးတဲ့ အတတ်ပညာ။
၂။ ကြော်ငြာရေးသားခြင်း Copywriting
စာသားကို ငွေသားအနေနဲ့ ပြောင်းလဲခြင်း
အတတ်ပညာ (ကြော်ငြာရေးသားခြင်း) ကို
Copywriting လို့ခေါ်ပြီး
သေချာစနစ်တကျ လုပ်ဆောင်တတ်ရင်
ဝင်ငွေကို ချက်ချင်းတိုးတက်အောင်
ကူညီပေးနိုင်တဲ့ အတတ်ပညာဖြစ်ပါတယ်။
Salesmanship in Print လို့လဲခေါ်တယ်။
အားတီ၊ အားမေတို့။
၃။ မားကတ်တင်းရည်ရွယ်ချက်အတွက်
အသိပညာပေး စာများ၊ ဗီဒီယို၊ ဓာတ်ပုံများ
ဖန်တီးခြင်း Content Marketing
မားကတ်တင်းကို အလွယ်ကူဆုံးရှင်းပြရရင်
သူစိမ်းကို အသိ၊ အသိကို ဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူနဲ့ပြောင်းလဲခြင်းဖြစ်စဥ်
ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ဖို့ ကိုယ့်ရဲ့အလားအလာရှိတဲ့
ဖောက်သည်တွေ သိချင်ပြီးမသိသေးတဲ့အရာ၊
မေ့နေတဲ့အကြောင်းအရာတွေ အစရှိတဲ့
အကြောင်းအရာတွေဖန်တီးပေးပြီး
ကိုယ့်အမှတ်တံဆိပ်အကြောင်းမှတ််မိအောင်
လုပ်ဆောင်ခြင်း အတတ်ပညာပါ။
၄။ အရောင်းပညာ Sales
စုံစမ်းမေးမြန်းမှုတွေကို ရောင်းနိုင်စွမ်းကို
အရောင်းပညာလို့ခေါ်ပြီး
messenger မှာ reply လုပ်ပြီး
ရောင်နိုင်ခြင်းမှာစလို့
Telephone ဖုန်းမှာစကားပြောရောင်းချခြင်း၊
အပြင်မှာ တစ်ယောက်ခြင်းတွေ စကားပြောကြားခြင်းတို့
ပါဝင်ပါတယ်။
၅။ စင်ပေါ်မှာ ဟောနည်းပြောနည်းသိခြင်း Public Speaking
လူများများရှေ့မှာ စကားပြောနည်းအတတ်ပညာတတ်ခြင်းသည်
ကိုယ့်နားလည်ထားတာကို လူအများကို
ရှင်းပြနိုင်စွမ်းရှိပြီး
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုကို လူများများကိုမိတ်ဆက်ပေးခြင်း၊
ရောင်းချပေးခြင်းအတွက် များစွာအထောက်အကူပြုပါတယ်။
၆။ လူတွေရဲ့ လိုအပ်ချက်ကို သိခြင်းပညာ Market Research
လူတွေရဲ့ လိုအပ်ချက်က အမြဲပြောင်းနေတတ်တယ်။
အရင် ကတ်ဆက်၊ တိတ်ခွေခေတ်ကစလို့
mp3, iPod, Smart Phone ခေတ်တွေလဲပြောင်းနေတယ်။
မတူညီတဲ့အချိန်မှာ မတူညီတဲ့သူတွေရဲ့
လိုအပ်ချက်ကို သိရှိပြီး
စျေးကွက်လိုအပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
ရှာဖွေ၊ တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချနိုင်ခြင်းသည်လဲ
ဝင်ငွေကို ချက်ချင်းတိုးတက်စေနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
၇။ နောက်ဆုံးတစ်ချက်ကတော့ လူပေါင်းသင်းတတ်ဖို့ပဲဖြစ်ပါတယ်။
Networking ဟာလဲ အင်မတန်အရေးပါပါတယ်။
မျက်နှာမြင်ချစ်ခင်ဖို့ လူပေါင်းသင်းတတ်ဖို့လိုပါတယ်။
တချို့အချိန်တွေမှာ ဘာသိလဲဆိုတာအရေးကြီးတယ်။
တချို့အချိန်တွေမှာ ဘယ်သူ့ကိုသိလဲဆိုတာ အရေးကြီးပါတယ်။
အလုပ်ရှာတာကစလို့၊ ကိုယ့်လုပ်ငန်းကိုပြန်လည်ညွှန်းပေးတာအဆုံး
လူကြောနပ်ဖို့ အရေးကြီးပါတယ်။
ဒီ ၇ ချက်ကတော့ သမာအာဇီဝကျကျ
ကိုယ့်ဝင်ငွေကို ချက်ချင်းတိုးတက်စေနိုင်တဲ့
ကျွန်တော်စဥ်းစားမိတဲ့ အချက် ၇ ချက်ကို
အားတီ၊ အားမေတို့ကို မျှဝေပေးလိုက်ပါတယ်။
Phyo Paing @ Derek