Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကို အစားထိုးမယ့် AI ကို ကြောက်စရာ မလိုဘူး။ AI သုံးတတ်တဲ့သူ ကို ကြောက်ပါ။

AI ခေတ်မှာ ကိရိယာ (Tool) မှန် မသုံးရင် နောက်ကျကျန်ခဲ့မယ်။

ဒါကြောင့် ကျွန်တော်သုံးနေကျထဲက
Tools တချို့ကို စာစီပေးလိုက်ပါတယ်။

AI tool တွေက စွမ်းတယ်။

ဒါပေမဲ့ tool များလွန်းရင်လည်း ရှုပ်ကုန်တယ်။ ဒီတော့ ကိုယ် ဘာလိုချင်လဲ ပေါ်မူတည်ပြီး tool ရွေးရတယ်။

ကိုယ် ဖတ်ထားတာတွေ ပြန်ရှာချင်ရင် သုတေသန လုပ်ချင်ရင် NotebookLM သုံးပါ။ Google ရဲ့ tool ဖြစ်တယ်။ ကိုယ့် document တွေ တင်လိုက်ရင် AI က ဖတ်ပြီး နားလည်ပြီး မေးခွန်းတွေ ဖြေပေးတယ်။ Podcast တောင် အလိုအလျောက် ဖန်တီးပေးတယ်။ ဖတ်ထားတာတွေ ပျောက်သွားတဲ့ ပြဿနာ ကို ဒါနဲ့ ဖြေရှင်းလို့ ရတယ်။

Content ရေးချင်ရင် Gemini ကနေ စပါ။ Myanmar စာ အကောင်းဆုံး နားလည်တဲ့ AI ဖြစ်တယ်။ ပုံတောင် generate လုပ်ပေးတယ်။ Google ecosystem တစ်ခုလုံးနဲ့ ချိတ်ဆက်ပြီး သုံးလို့ ရတယ်။

ကိုယ့် Brand voice နဲ့ ကိုယ်ပိုင် GPT ဖန်တီးချင်ရင် ChatGPT ရဲ့ Custom GPT သုံးပါ။ ကိုယ့် tone ကိုယ့် style နဲ့ ရေးပေးတဲ့ bot တစ်ခု ကိုယ်တိုင် တည်ဆောက်ထားလို့ ရတယ်။

Analysis ကောင်းကောင်း လုပ်ချင်ရင် Claude သုံးပါ။ Anthropic ရဲ့ AI ဖြစ်ပြီး logic ကောင်းတယ်။ ရှည်လျားတဲ့ document တွေကို ဖတ်ပြီး ခွဲခြမ်းစိတ်ဖြာ ပေးနိုင်တယ်။ ကိုယ့် business ရဲ့ data ကို deep analysis လုပ်ချင်ရင် Claude ကို ယုံကြည်လို့ ရတယ်။

Real-time data နဲ့ trending topics လိုချင်ရင် Grok သုံးပါ။ X platform နဲ့ ချိတ်ဆက်ထားတဲ့အတွက် ဒီနေ့ ဘာတွေ trending ဖြစ်နေလဲ ချက်ချင်း သိနိုင်တယ်။

Chinese market ဝင်ချင်ရင် Doubao သုံးပါ။ ByteDance ရဲ့ AI ဖြစ်ပြီး Chinese content ဖန်တီးဖို့ အကောင်းဆုံး ဖြစ်တယ်။ SEA market ဝင်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက် Chinese customer base ကို reach လုပ်ဖို့ ဒါ tool မှန် ဖြစ်တယ်။

Presentation လုပ်ချင်ရင် Kimi သုံးပါ။ ကိုယ့် content ကို ထည့်လိုက်ရုံနဲ့ slide တွေ အလိုအလျောက် ထွက်လာတယ်။ ညတစ်ညလုံး slide လုပ်နေရတဲ့ ခေတ် ကုန်ပြီ။

ကိုယ့်ကိုယ်စား browser ထဲ ဝင်ပြီး data စု research လုပ် report ရေး ပေးစေချင်ရင် Manus သုံးပါ။ Meta နဲ့ deep integration ရှိတဲ့အတွက် social media data ကနေ insights ထုတ်ပေးတာ ထိရောက်တယ်။

Knowledge worker အနေနဲ့ AI ကို serious tool အဖြစ် သုံးချင်ရင် Claude Cowork သုံးပါ။ Agentic AI ဖြစ်ပြီး browser control လုပ်နိုင်တယ်။ ကိုယ့်ကိုယ်စား website တွေဝင်ပြီး data စု report ရေး ပေးတယ်။ Digital employee တစ်ယောက် ခန့်လိုက်သလိုပဲ။

Tech savvy ဖြစ်တဲ့ လုပ်ငန်းရှင်ဆိုရင် OpenClaw သုံးပါ။ Claude Opus နဲ့ ချိတ်ဆက်ထားတယ်။ Telegram ကနေ မြန်မာလို အလုပ်ခိုင်းလို့ ရတယ်။ Social media automation content calendar စီမံခန့်ခွဲမှု အကုန်လုံး တစ်နေရာတည်းကနေ လုပ်နိုင်တယ်။ ကိုယ့်လုပ်ငန်းကို AI နဲ့ run ချင်ရင် ဒါ tool မှန်ပဲ။

AI tool တစ်ခုမှ မသုံးသေးရင် ဒီနေ့ကနေ စပါ။ tool မှန် ရွေးပြီး ကိုယ့်လုပ်ငန်း ကိုယ့်ဘဝမှာ ထည့်သုံးပါ။

ကိုယ့်ကို အစားထိုးမယ့် AI ကို ကြောက်စရာ မလိုဘူး။ AI သုံးတတ်တဲ့သူ ကို ကြောက်ပါ။

Phyo Paing @ Derek

Share Your Idea!​