ဒီနေ့ခေတ်မှာ
အရေးအကြီးဆုံးက
ဘာကျွမ်းကျင်မှုရှိရမလဲဆိုရင်
“ကိုယ့်ပြဿနာကိုယ်
ဖြေရှင်းတာကျွမ်းကျင်ဖို့လိုတယ်” လို့ထင်တာပဲ။
တခြားကျွမ်းကျင်မှုတွေထက်
ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့
အဖြေရှာတာကိုပဲ အဓိကလုပ်တယ်။
ကျန်းမာကြံ့ခိုင်မှုမရှိဘူး။
ဝိတ်တတ်၊ စွမ်းအင်မရှိ၊ အမြဲအိပ်ချင်၊
သန်စွမ်းမှုနည်းဖြစ်နေတယ်။
ဒီပြဿနာ အဖြေရှာရပြန်တယ်။
အင်္ဂလိပ်စာမဖတ်တတ်။
စာဖတ်ရင်နှေး။
ပြီးရင်မမှတ်မိ။
ဗဟုသုတနည်း။
သင်ယူမှုနှေး။
ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။
အပေါင်းအသင်းမတတ်။
ကိုယ်ပြောချင်တာကို မရေးတတ်။
ကိုယ်ဆိုလိုတာကို မပြောတတ်။
လူရှေ့မှာထွက်စကားပြောဖို့ ကြောက်။
ဒီပြဿနာဖြေရှင်းရပြန်တယ်။
ဝင်ငွေနဲ့ ထွက်ငွေမမျှ။
ဝင်သမျှအကုန်ကုန်။
ဝင်ငွေတိုးဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်။
လုပ်ငန်းလုပ်တော့
ရောင်းရအမြတ်မကျန်။
အမြတ်ကျန် ဝန်ထမ်းမမြဲ။
ဝန်ထမ်းမြဲ ဥစ္စာစောင့်ဖြစ်။
ဒီပြဿနာတွေ ဖြေရှင်းရပြန်တယ်။
ကိုယ်မပါဘဲ လည်ပတ်ပြန်တော့
နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကြား
ရှေ့ဆက်ရမည့် အနာဂတ်မသေချာ။
ဒီအတွက် အဖြေရှာရပြန်တယ်။
မားကတ်တင်းအလုပ်မဖြစ်။
အလုပ်ဖြစ်တော့ ကြော်ငြာစရိတ်များ။
လုပ်ငန်းတူတွေကော်ပီကူး။
အလုပ်ဖြစ်တော့ အဆဲမလွတ်။
ဒီအတွက် အဖြေရှာရပြန်တယ်။
အချစ်ရေး အဆင်မပြေ။
အဆင်ပြေတော့ ကြာကြာမခံ။
ကိုယ်အဆင်ပြေ သူအဆင်မပြေ။
သူအဆင်ပြေ ကိုယ်အဆင်မပြေ။
မိဘက ကိုယ့်စကားနားမထောင်။
ကူပေးလေမောလေ။
ဒီပြဿနာတွေ အဖြေရှာရပြန်တယ်။
ကိုယ့်စကားကိုယ်နားမထောင်။
နားထောင်တော့လဲ ခဏ။
ဒီအတွက် အဖြေရှာရပြန်တယ်။
တခါတလေ ဘာအလုပ်လုပ်လဲမေးရင်
“ကိုယ့်ပြဿနာကိုယ်
ဖြေရှင်းတဲ့အလုပ် လုပ်တယ်”
ဒီလိုပဲ ဖြေလိုက်တယ်။
Phyo Paing @ Derek