တခါတလေ ကိုယ်က
ဟိုဟာလဲလေ့လာ
ဒီဟာလဲလေ့လာဆိုတော့
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။
အားချန့် မင်းရဲ့ ပရော်ဖက်ရှင်နယ်
ပညာက ဘာလဲ။
အမှန်တော့ ကျွန်တော့်ရဲ့
ပရော်ဖက်ရှင်နယ်က
“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။
ကိုယ့်အစွမ်းအစကို
ကိုယ်အကောင်းဆုံးအသုံးပြုနိုင်ဖို့
စိတ်ပညာလေ့လာတယ်။
ပိုက်ဆံရှာဖို့ အရောင်းနဲ့မားကတ်တင်းပညာ
လေ့လာတယ်။
ကိုယ်နေ့စဥ်ဝင်မပါဘဲ ငွေရှာနိုင်ဖို့
စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာလေ့လာတယ်။
ရှုပ်နေတာတွေရှင်းသွားဖို့
အတွေးအခေါ်ပညာလေ့လာတယ်။
ကျန်းမာရေးကောင်းဖို့
ဇီဝကမ္မဗေဒနဲ့
ကျန်းမာရေးအကြောင့်လေ့လာတယ်။
ကိုယ့်ပြဿနာကိုယ် အဖြေရှာဖို့
ပညာရပ်တွေ သင်ယူတာ။
ပိုက်ဆံရှာဖို့အတွက်
ပညာရပ်တစ်ခုတည်းသင်ယူတဲ့ခေတ်က
ကုန်သွားပြီလို့ထင်တယ်။
ဘာကြောင့်လဲဆိုတော့
အခုခေတ် AI ခေတ်က
multidisciplinary ခေတ်မဟုတ်လား။
Phyo Paing @ Derek