Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။

စိတ်ရှည်ပါ။
အနာဂတ်ကို ယုံကြည်ပါ။
ကိုယ့်ဘဝ ကိုယ်တာဝန်ယူပါ။
တစ်နေရာအဆင်မပြေရင် တစ်နေရာပြောင်းပါ။

ဆင်ခြေမပေးနဲ့။
အပြစ်မတင်နဲ့။ အဖြေရှာ။
ကိုယ့်ကိုယ်ကိုယ် သနားပြီး
အသနားခံ မဖြစ်စေနဲ့။

လူ။
တွေးနိုင်တယ်။ ကြံနိုင်တယ်။ လုပ်နိုင်တယ်။
ယုံကြည်ပါ။
ဘဝမှာ ဆိုးတာရှိ၊ ကောင်းတာရှိ။
ဒုက္ခကို ဖီးလ်ခံပြီး စိတ်ညစ်မနေနဲ့။
ကျန်းမာသေးတယ်။
အသက်ရှူနိုင်သေးတယ်။
လှုပ်ရှားနိုင်သေးတယ်ဆို
ဦးနှောက်သုံး အဖြေရှာကြည့်ပါ။

မနက်ဖြန် လည်စင်းအသက်ခံရမည့်
ကားပေါ်က အော်နေတဲ့ ဝက်ကလေးထက်
ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။

Phyo Paing @ Derek

Share Your Idea!​