ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကို
ယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်။
ဒီ ပါဝါကို လျော့မတွက်ပါနဲ့။
အလုပ်
အချစ်
ငွေကြေး
ကျန်းမာရေး
လူမှုရေး
နေချင်တဲ့နေရာ
နေ့တိုင်း အတွေးတွေကို ထုတ်လွတ်။
Frequency များများလွတ်။
အရေးကြီးတဲ့အပိုင်းက
“ခံစားချက်”။
“တွေးတိုင်းပျော်ဖို့လိုတယ်။”
တချို့က အနာဂတ်ကိုတွေးရင်
စိုးရိမ်နေတတ်တယ်။
ကြောက်နေတတ်တယ်။
မဖြစ်နိုင်ပါဘူးကွာ။
ငါနဲ့ မထိုက်တန်ဘူးလို့ထင်တတ်တယ်။
ဒါတွေကို ကျော်လွှားဖို့
အလေ့အကျင့်လုပ်ဖို့လိုနိုင်တယ်။
စဥ်းစားကြည့်ကြည့်
ကိုယ့်ဘဝရဲ့ အကောင်းဆုံးအခြေအနေမှာ
ဘယ်လိုပုံစံဖြစ်နေမလဲ။
ဘယ်လို ထိုင်နေမလဲ။
ဘယ်လိုအသက်ရှူနေမလဲ။
ကိုယ့်ကိုယ်ကိုယ် ဘာစကားပြောနေမလဲ။
ဘေးနားမှာဘယ်သူတွေရှိနေမလဲ။
ဘယ်နေရာမှာရောက်နေမလဲ။
ဘယ်သူတွေနဲ့ တွေ့နေမလဲ။
အဲ့ဒီ အတွေး၊ ခံစားချက်ကို
နေ့တိုင်းတွေး၊
နေ့တိုင်းခံစား။
အကြံအစည်နဲ့ အလုပ်က
နောက်က အော်တိုလိုက်လာလိမ့်မယ်။
အရင်လုပ်ကြည့်။
နောက်မှ ကျေးဇူးတင်။
Phyo Paing @ Derek