ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့
”ကိုယ်စိတ်ချမ်းသာရေး” ပဲ။
ဒါထက် ဘာမှ အရေးမကြီးဘူး။
ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲ
စဉ်းစားကြည့်ရင် “တိုးတက်”နေရင်
စိတ်ချမ်းသာတယ်။
ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊
စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊
အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေ
တိုးတက်နေရင် စိတ်ချမ်းသာတယ်။
ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။
ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။
အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။
ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။
ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါ
ဒဏ်ရာတွေပဲ ကျန်နေမယ်။
ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။
ဒါမှ တိုးတက်မယ်။
ဒါမှ စိတ်ချမ်းသာမယ်။
Phyo Paing @ Derek