ကိုယ်ဒီနေ့ဘာလုပ်ချင်သလဲ၊
ကိုယ်ဒီနှစ်ထဲဘာလုပ်ချင်သလဲ၊
နောက် သုံးနှစ်အတွင်းဘာဖြစ်ချင်သလဲ၊
ကိုယ့်အနာဂတ်မှာ ဖြစ်ချင်သမျှဖြစ်နိုင်မယ်ဆို
အနာဂတ်အမြင်က ဘာဖြစ်မလဲ။
လောကီမှာ အသက်ရှင်နေရုံမဟုတ်ဘဲ
တည်ဆောက်ဖို့အတွက်ဆို
“ရည်ရွယ်ချက်” တစ်ခုလိုတယ်။
ဒီရည်ရွယ်ချက်ကို ရည်မှန်းချက်အနေနဲ့ပြောင်း။
လိုချင်တာတွေလက်တွေ့ဖြစ်ဖို့
၁။ အတွေးအခေါ်နဲ့
လက်ခံရရှိတဲ့ သတင်းအချက်အလက်ကိုပြောင်းရင်ပြောင်း
၂။ အစွမ်းအစကိုပြောင်းရင်ပြောင်း
၃။ အပေါင်းအသင်းကိုပြောင်းရင်ပြောင်း
၄။ အခြေအနေနဲ့ ပတ်ဝန်းကျင်ကိုပြောင်းရင်ပြောင်း
၅။ အလုပ်နဲ့ လုပ်ပုံကိုင်ပုံကိုပြောင်းရင်ပြောင်း
ဒီငါးချက်ကိုပြောင်းရမှာပဲ။
ဒီငါးချက်လုပ်လို့မှ မရတော့ရင်
ကိုယ့်ရည်မှန်းချက်ကိုပြောင်း။
ရည်ရွယ်ချက်ကိုတော့ မပြောင်းနဲ့။
ရည်မှန်းချက်က Objective
ရည်ရွယ်ချက်က Purpose
ဥပမာ ကျွန်တော့်ရည်ရွယ်ချက်က
“ပညာရေးနဲ့နည်းပညာအသုံးပြု
ဘဝတွေ တိုးတက်အောင်ကူညီပေးဖို့”
ဒါကို ရည်မှန်းချက်အနေနဲ့ပြောင်းတော့
“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ
ကိုယ်တိုင် ကျောင်းတွေဖွင့်မယ်။
ဆရာ၊ ဆရာမတွေကို သင်တန်းပေးမယ်။”
နိုင်ငံတွင်းအခြေအနေတွေကြောင့်
ရည်ရွယ်ချက်ကိုမပြောင်းဘူး၊
ရည်မှန်းချက်ကို နည်းနည်းပြောင်းလိုက်တယ်။
ပညာရေးနဲ့နည်းပညာအသုံးပြု
တိုးတက်ပြောင်းလဲအောင်ကူညီဖို့
အင်တာနက်ကနေပဲသွားမယ်။
မြန်မာတစ်နိုင်ငံလုံးကိုသွားတဲ့ဖြစ်စဥ်အတွက်
ကိုယ်တစ်ယောက်တည်းမသွားတော့ဘူး။
ဦးဆောင်နိုင်တဲ့သူတစ်ယောက်နဲ့တွဲ
သူ့ကိုကူညီပေးလိုက်မယ်။
ဘဝမှာ အပြောင်းအလဲတွေအတွက်
အမြဲပြောင်းနေရမှာပဲ။
မပြောင်းလဲပဲဆက်ရှိနေမှာ
ကျွန်တော်တို့ဘာကြောင့်
ရပ်တည်နေလဲဆိုတဲ့ “လောကတာဝန်”ပဲ။
ဂေါတမဗုဒ္ဓကတော့
သတ္တဝါတွေကို ကယ်တင်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ပါရမီဖြည့်ခဲ့တာကို
လက်တွေ့ဘဝမှာ စံထားပြီး
လုပ်ဆောင်လို့ရတယ်။
ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။
Phyo Paing @ Derek