ကိုယ့်ဘဝအတွက် တစ်ရက် အချိန် ငါးမိနစ်ပေးပါ။
အားလုံးသိထားကြတဲ့ Productivity ဂုရုကြီး Tim Ferriss ကတော့ သူ့ဘဝအမြဲတိုးတက်နေဖို့ သူ့အတွေးတွေအမြဲပြန်သုံးသပ်ဖို့ Jounaling လုပ်တယ်လို့ဆိုပါတယ်။
Journaling ဆိုတာ အောင်မြင်သူ High-performer တွေကျင့်သုံးလေ့ရှိတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ တစ်ရက်တာမစခင်မှာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ ခံစားချက်အတွေးတွေကို ရေးချဖွင့်ထုတ်တာကို Jounaling လို့ခေါ်ပါတယ်။
Journaling လုပ်တဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်၊ အတွေးတွေကို ပိုရှင်းစေသလို၊ ကိုယ့်ရဲ့အတွေးတွေကို မှတ်တမ်းတင်နိုင်ပြီး ပြန်လည်သုံးသပ်လို့ရပါတယ်။ Journaling ရေးဖို့ rule တွေမရှိပါဘူး။ ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်တဲ့အတွေးကို မနက်အခါမှာ ချရေးရုံပါပဲ။ တချို့က ညမှာပါရေးကြပါတယ်။ ညမှာရေးတဲ့သူအများစုက တစ်ရက်တာမှာ ကိုယ်သင်ယူလိုက်ရတဲ့အရာတွေ၊ အတွေးတွေရေးပါတယ်။
စာရေးသူလဲ အမြဲ Journaling လုပ်ဖြစ်ပါတယ်။ Journaling ဟာ ကိုယ့်ဘဝကို ပြန်သုံးသပ်တဲ့နေရာမှာ အလွန်အထောက်အကူပြုတာကြောင့် ပုံမှန်လုပ်ဖြစ်ပါတယ်။
Journaling လုပ်တဲ့နေရာမှာ ကွန်ပြူတာနဲ့လုပ်ရတာကို ပိုသဘောကျပါတယ်။ နေ့စဥ်ကွန်ပြူတာ သို့ Tablet နဲ့ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ website တစ်ခုမှာ ကိုယ့် journal တွေအကုန်သိမ်းထားလို့ရတာကို သဘောကျပါတယ်။ ဒါကြောင့် www.akyanpay.com မှာ လဲ နေ့စဥ် journaling ရေးလို့ရတဲ့ feature ထည့်ပေးထားပါတယ်။
တကယ်လို့ www.akyanpay.com ကို အသုံးပြုဖို့စိတ်ဝင်စားပါက www.m.me/akyanpay.mm ကိုဆက်သွယ်နိုင်ပါသည်။
#Akyanpay