One Piece ထဲက
ပင်လယ်ဓားမြ လူဖီလိုပဲ
လူတစ်ယောက်က
ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့
အိမ်မက်တစ်ခုရှိနေပြီး
ဒါကို ဆွဲဆွဲမြဲမြဲလုပ်နေသလို
ကိုယ့်အိမ်မက်တွေကို
အတူတကွ ကိုယ်နဲ့လိုက်
အကောင်အထည်ဖော်ပေးမည့်
Team တစ်ခုရှိတဲ့အခါ
ဘဝက ဂိမ်းတစ်ခု ကစားရသလိုပဲ
အရသာရှိလာမယ်။
တချို့အချိန်မှာ နာမယ်။
တချို့အချိန်မှာ သာမယ်။
တချို့အချိန်မှာ ကိုယ်လိုတာမရ။
တချို့အချိန်မှာ ကိုယ်လိုတာရမယ်။
ကိုယ့်ဘဝ နောက်ဆုံး
အသက်ငင်တဲ့အခါ
ငါအကောင်းဆုံးနေခဲ့တယ်။
ငါအကောင်းဆုံး လုပ်နိုင်တာတွေ
လုပ်ပေးခဲ့တယ်။
ဘဝရဲ့ပေးထားချက်ကိုပေါ်မူတည်ပြီး
ဘဝရဲ့ ပုစ္ဆာတွေကို အကောင်းဆုံး
အဖြေရှာခဲ့တယ်။
ဒီလို စိတ်ချချနဲ့ လောကကြီးက
ထွက်ခွာသွားချင်တယ်။
Phyo Paing @ Derek