ပိုလျှံတာကိုပဲပေးလို့ရတယ်။
ကိုယ်က အသိပညာ
ဥာဏလုပ်သားဖြစ်တဲ့အတွက်
အသိပညာဥာဏ် တိုးတက်ဖို့
နေ့စဥ် လုပ်ဆောင်နေတယ်။
တိုးတက်ရေးဖြစ်တဲ့
စွမ်းဆောင်ရည်မြင့်တင်ခြင်း၊
လုပ်ငန်းတွေအမြတ်ငွေတိုးတက်အောင်
ပြဿနာတွေ ဖြေရှင်းဖို့
ဦးနှောက်ငှားရမ်းခြင်းအလုပ် လုပ်တယ်။
ဒီတော့ အသိပညာနဲ့
ကုသိုလ်လုပ်လို့ရတယ်။
ကိုယ်လဲ ဒီမြေမှာမွေးတယ်။
ဒီမြေအတွက် ပြန်ပေးရမယ်လို့
ငယ်ငယ်တည်းက ခံယူထားတယ်။
ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်”
ကဗျာထဲကလို
“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။” လို့
အမြဲခံယူထားတယ်။
ကျွန်တော်ပြန်လည်ပေးလို့ရတာ
“ကိုယ်သိထားတဲ့” အသိပညာရှိမယ်။
ဒါကြောင့် နေ့စဥ်နေ့တိုင်း
တစ်ရက်မပျက် စာရေးဖြစ်တယ်။
ဗီဒီယိုရိုက်တယ်။
Website မှာလဲ အခမဲ့
အကုန်တင်ပေးထားတယ်။
နောက် Youtube မှာလဲ
အများကြီးတင်ပေးထားတယ်။
ကိုယ့်ကြောင့် တစ်ယောက်၊ နှစ်ယောက်ပဲ
အကျိုးရှိသွားတယ်ထားအုံး
ကိုယ်မွေးခဲ့တဲ့မြေကို
ပြန်လည်အကျိုးပြုတယ်လို့ပဲစဥ်းစားတယ်။
Phyo Paing @ Derek